အပိုင်း ၄၉ (Uni)

3.2K 172 9
                                    

အပိုင်း ၄၉
.
.
.
ဖြည်းဖြည်းချင်းလှုပ်ရှားရွေ့လျားနေသည်က ရင်ဖိုစိတ်လှုပ်ရှားမှုကို မြင့်တက်စေသည်။ အမြင့်ရောက်လာလေလေ ရင်ခုန်လာလေလေဖြစ်ပြီး နှလုံးသားဟာအပြင်းအထန်ခုန်ပေါက်နေ၏။ မျက်နှာချင်းမှာဆိုင်ထိုင်နေသော အသွင်ရိုင်းကတော့ စိတ်လှုပ်ရှားဖို့နေနေသာသာ အခုရောက်နေတာLondon Eyeလို့ခေါ်သော ပေ ၄၀၀ ကျော်မြင့်သည့် ချားရဟတ်ကြီးဆိုတာတောင် မေ့နေပုံပဲ။ ပြောင်းလဲသွားသော မြင်ကွင်းကိုသာ တွေဝေငေးမောရင်း အရုပ်တစ်ခုချထားသကဲ့သို့ ငြိမ်နေလျက်။

" သွင်လေး "

သူခေါ်လိုက်တော့ လှည့်ကြည့်လာကာ ဘာလဲဆိုသောအမူအရာနှင့် မျက်ခုံးပင့်ပြသည်။

" မင်းသိလား?  ဒီဟာကြီးက ပေ ၄၄၀ ကျော်​တောင်မြင့်တယ်တဲ့ "

" အင်း ၄၄၃ပေ "

" ဟမ်..မင်းသိတယ်လား? "

သူ့အမေးကို ထူးဆန်းဟန်မပြဘဲ တစ်ဖက်ကိုလှည့်သွားပြီး ဘေးဝန်းကျင်ကိုငေးကြည့်နေလေသည်။
သူတကယ်မထင်ထားဘူး။အသွင်ရိုင်းက စာတော်ရုံမက ဗဟုသုတပါကြွယ်ဝနေလိမ့်မယ်လို့။

" အဟမ်း...ဒါနဲ့  ။ ဒီလကုန်ကျောင်းပိတ်ရင် မြန်မာနိုင်ငံကို ပြန်မှာလား။ ငါတို့ ဒီရောက်တာ ကြာနေပြီဆိုတော့လေ"

ရဟတ်ကြီးလည်နေတာကို မေ့သွားအောင် ဝေယံ ရေခဲလူသားအားစကားတွေပြောလိုက် မေးလိုက်လုပ်နေခြင်းဖြစ်သည်။
သို့ပေမဲ့ သူ့ကိုပြန်ကြည့်လာသည့် မျက်ဝန်းဆွေးဆွေးများကြောင့် ခုန်လုနီးနှလုံးသားက နာကျင်အောင့်မျက်သွားရသလို။

အာ...သူ မေ့သွားတယ်!
အသွင်ရိုင်း ဒီနိုင်ငံကိုရွေးပြီးကျောင်းလာတက်ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာမနေချင်တော့လို့ဆိုတာကို သူနည်းနည်းလေးသတိလွတ်သွားမိတယ်!

" အာ....ပြောမလို့ မေ့နေတာ "

အသံကျယ်ကျယ်နှင့်ရေရွတ်လိုက်တော့ အသွင်ရိုင်း၏အကြည့်တွေနဲ့စိတ်ဝင်စားမှုအားလုံး သူ့အပေါ်မှာလွှမ်းခြုံလာသည်ဟု ခံစားလိုက်ရသည်။ထို့ကြောင့် သူအားတက်သရောဖြင့်

3. NEEDED ( Completed) Where stories live. Discover now