ep - 14 (Zaw)

802 34 0
                                        

အပိုင်း ၁၄
.
.
.
"ကိုကို!!"

မင်းဝဠာတိုင်းက တည်တင်းနေသော မျက်နှာဖြင့် Vရန့်ကို ကြည့်လိုက်သည်။ ထိုအခါ ခေါင်းကြီးငုံ့နေသော Vရန်က သူ့အပြစ်သူ သိနေသည့်ပုံစံမျိုးဖြင့် တုတ်တုတ်ပင်မလှုပ်။

"Vရန်.."

ခပ်ဆတ်ဆတ်လေးခေါ်လိုက်တော့ မော့ကြည့်လာသည့် မျက်နှာက တောင်းပန်မှုတွေ အများအပြား။

"လွန်းက လိုက်ပို့ခိုင်းလို့ Vရန်က လိုက်ပို့တာပါ ကိုကို။ Vရန့်ကို အပြစ်မပြောပါနဲ့!.."

"Vရန်က ကိုယ့်လူပါ လွန်း။   မင်းအနေနဲ့ ဘယ်သူ့ကိုမှ အမိန့်ပေးစရာမလိုဘူး...ထင်တယ်။ Vရန်...
ဒါနောက်ဆုံးအကြိမ် ဖြစ်ပါစေ"

"ဟုတ်ကဲ့..သခင်ကြီး"

လွန်းရတု ကိုကို့ဘေးနားက ကောင်လေးကိုမြင်တော့ မျက်နှာလှလှလေးကို အရုပ်ဆိုးသွားအောင်အထိ မဲ့ပစ်လိုက်သည်။

"ကိုကို မွေးစားထားတဲ့ ကလေးက ဒီကောင်လေးလား.."

မေးငေါ့ပြောလိုက်သော သူမကို ကိုကိုက စူးစိုက်စွာကြည့်လာပြီး ခေါင်းညိတ်ပြလာကြောင့်
သူမ ကြက်သီးတွေ တဖျန်းဖျန်းထသွားရသည်။ ကိုကို့အကြည့်တွေကြောင့် လည်ချောင်းထဲက စကားလုံးတွေက အပြင်သို့ ထွက်ကျမလာဘဲ နှုတ်ခမ်းဝတွင် ပျောက်ကွယ်သွားရ၏။
သူမ ထိုကောင်လေးကိုသာ မျက်စောင်းထိုးလိုက်ပြီး

"ကိုကိုက တကယ်မကောင်းဘူး ။လွန်းလာမှာ သိရက်နဲ့ အခုလို ခရီးထွက်သွားတယ်ဆိုတော့ ။ အဲ့ဒါ လွန်းကို ဂရုမစိုက်တာပဲ"

"Vရန် လာကြိုတယ်မလား..."

အေးဆေးစွာပြောနေသော ကိုကို့ကို ကြည့်ပြီး လွန်းဒေါသတွေ အုံပွလာသည်။ သို့ပေမဲ့ သူမ မပေါက်ကွဲရဲ။ ကိုကိုက အရင်ကထက် ပိုချောလာသလို အရင်ထက်လည်း ပိုတည်လာသည်။ကိုကိုက စိုက်ကြည့်လိုက်တာနှင့် သူမပြောမည့်စကားလုံးတွေ ပျောက်ပျောက်သွားရ၏။

"ကိုကိုမှ မဟုတ်ဘဲ ။ လွန်းက ကိုကိုလာကြိုမယ် ထ​င်နေတာကို.."

စိတ်ဆိုးသလိုလေး ချွဲနွဲ့ပြောလိုက်ပြီး ကိုကို့လက်မောင်းကို ဖက်တွယ်လိုက်သည်။ဖယ်ချခြင်းမရှိတာကြောင့် သူမပိုတိုးပြီး ဆုပ်ကိုင်ဖက်တွယ်လိုက်မိ၏။

3. NEEDED ( Completed) Where stories live. Discover now