July 31. 2020ကစတင်ခဲ့တဲ့ Neededဆိုသည့် fiction လေးဟာ April 16. 2021(Fri) 9:33pmအချိန်တွင် အဆုံးသတ်သွားခဲ့ပါပြီ။
8လခွဲလောက်အချိန်ပေးခဲ့ရသည့် ဒီဇာတ်လမ်းလေးဟာ အနီ့အတွက်တော့ တော်တော်လေးအားစိုက်ခဲ့ရပါတယ်။ကြားထဲမှာ BOSကြောင့် တစ်လနားလိုက်ရ ၊ ဖုန်းမကောင်းလို့ ပြတ်တောက်ပြတ်တောက်ဖြစ်ခဲ့ရ ၊ အခုနိုင်ငံရေးကြောင့် စားမရေးနိုင်လို့ update ကြာခဲ့ရနဲ့။တော်တော်လေးခက်ခဲခဲ့ပါတယ်။မေ့သွားလို့ အစကနေပြန်ဖတ်လိုက် ၊ ရေးလိုက်နဲ့ အလုပ်လည်းရှုပ်ခဲ့သေးတယ်။ရေးခဲ့သမျှထဲ Neededဟာ အပင်ပန်းခဲ့ဆုံးနဲ့ အားအရဆုံး fiction တစ်ပုဒ်ပါပဲ။အနီ့အတွက် Neededဟာ ထူးခြားတယ်။
စတွေးမိတုန်းကတစ်မျိုးပေမယ့် ရေးကြည့်တဲ့အခါ ပိုပြီးနက်နဲတဲ့ခံစားချက်တွေဖြစ်ခဲ့တယ်။စတွေးထားခဲ့တာက သခင်တစ်ယောက်နဲ့ကျွန်တစ်ယောက်ရဲ့အချစ်ပုံစံမျိုး။ဒါပေမဲ့ တိုင်းရဲ့ဘဝနောက်ကြောင်းကိုပြန်ကြည့်လိုက်တဲ့အခါ ဇာတ်လမ်းပုံစံပြောင်းသွားတယ်။အဲ့တော့ ဦးနဲ့ကလေးဇာတ်ဖြစ်သွားတယ်။ပြီးတော့ suppose roleက ဇာတ်ကောင်တွေ။
သူတို့ဟာလည်း main character တွေနီးနီးလောက် ရှိပါတယ်။သူတို့ရဲ့ချစ်ခြင်းတွေဟာလည်း ဒီလိုမျိုးရှိတယ်ဆိုတဲ့အကြောင်း အနီလုံလုံလောက်လောက်ရေးပေးခဲ့တယ်လို့ထင်ပါတယ်။ဒီထဲက ဇာတ်ကောင်တွေဟာ တစ်ယောက်တစ်မျိုးစီနဲ့ ချစ်တတ်ကြတယ်။ပိုင်ဆိုင်လိုခြင်းမဲ့တဲ့ချစ်ခြင်း ၊ ပေးဆပ်ပြီးပြန်မရခဲ့တဲ့ချစ်ခြင်း ၊ ထာဝရတည်မြဲသောချစ်ခြင်း ၊ တိတ်တိတ်လေးပဲကြည့်ရင်း ခိုးပြီးချစ်နေရတဲ့ချစ်ခြင်း ၊ ဖွင့်ထုတ်ခဲ့ခြင်းမရှိတဲ့ချစ်ခြင်း။အမျိုးမျိုးအဖုံဖုံ ရှိခဲ့ကြတယ်ဒီ Neededလေးထဲမှာ။ပြီးတော့ မိဘတွေနဲ့သားသမီးတွေရဲ့ မပွင့်လင်းခဲ့တဲ့ချစ်ခြင်းတွေ ၊ ညီအစ်ကိုတွေကြားက လွဲမှားခဲ့တဲ့သံယောဇဥ်တွေ ။ ဒါတွေအကုန်လုံးကြောင့် အနီ စိတ်တော်တော်လေးပင်ပန်းခဲ့ပေမယ့် ကျေနပ်တယ်။ဒါလေးမှာ အနီအားစိုက်ခဲ့သမျှ ရလဒ်ဟာဘယ်လိုပဲဖြစ်နေပါစေ အနီကျေကျေနပ်နပ်လက်ခံမိမှာ။
နောက်ဆုံးအနေနဲ့ စာဖတ်သူအားလုံးကိုကျေးဇူးတင်ကြောင်း ပြောပါရစေ။ update မှန်လိုက် ၊ မမှန်လိုက်ဖြင့် လများစွာကြာမြင့်ခဲ့သော အနီ့ရဲ့ဤfiction လေးကို အဆုံးထိစိတ်ရှည်လက်ရှည်စောင့်ပြီး လိုက်ဖတ်ခဲ့သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်
။အနီမေးခွန်းလေး ၂ခု မေးချင်ပါတယ်။
ဖြေချင်တဲ့ဆန္ဒလေးများရှိရင် ဖြေပေးခဲ့ပါနော်။
YOU ARE READING
3. NEEDED ( Completed)
Novela JuvenilTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...