အပိုင်း ၆၄
.
.
.
" ဆံပင်တွေကို ဒီအတိုင်းဖြန့်ချထားရင် ကောင်းမယ် "သားရေကြိုးနှင့်အသေအချာစည်းနှောင်ထားသည့် တိုင်းရဲ့ငွေဖြူရောင်ဆံပင်တွေကို နောက်ကနေပြန်ဆွဲဖြုတ်နေပါသော ကလေးငယ်။ သူကတော့ ကွန်ပျူတာနှင့်အလုပ်ရှုပ်မပျက်။ နှုတ်ခမ်းထောင့်တွေကမူ ပျော့ပျောင်းကွေးညွှတ်စွာဖြင့်။
" နောက်တစ်ခါ ဒီလိုအစုတ်အပြတ်ကြိုးတွေနဲ့ ကျွန်တော်ချစ်တဲ့ဒီဆံပင်တွေကို မချည်ပါနဲ့လား ဦးတိုင်း ? ဒါတွေက အကျင့်မကောင်းဘူးလေ "
" .. "
သူ ပြောစရာစကားပျောက်ရှသွားရသည်။ဒီကောင်လေး နေများမကောင်းလို့လား?ပေါက်ကရတွေ သိပ်ပြောနေပါ၏။
" နော်လို့ ။ ဒီကြိုးစုတ်တွေက ဦးတိုင်းဆံပင်တွေကို ပြတ်စေတယ်လေ ။ အဲ့တော့ ကျွန်တော့်မြတ်နိုးတဲ့ပစ္စည်းတွေ လျော့ကုန်လိမ့်မယ် ။ မရေမတွက်နိုင်တဲ့ပမာဏဆိုပေမဲ့လဲ ကျွန်တော့်ဘက်က နည်းနည်းလေးတောင်နှမြောမိတာမလို့ ဦးတိုင်းလိုက်နာပေးပါ "
တိုင်း အခုမှသဘောပေါက်သွားတော့သည်။ ဒီကောင်လေးက တော်တော်လေးကလေးဆန်နေသေးသည်ဟု စိတ်ထဲကနေမှတ်ချက်ပြုလိုက်ရင်း။
" အဟင်း...အေးပါကွာ "
" ဟာ လှောင်တယ်ပေါ့ "
" နိုး ကိုယ်ဒီအတိုင်းသဘောကျလို့ ရယ်မိတာပါ ရိုင်းရာ ။ ဘယ့်နှယ့်ဖြစ်လို့ မင်းကိုလှောင်တယ်လို့ထင်ရတာလဲ? "
ဖြေရှင်းချက် အလျင်စလိုထုတ်ပေးလိုက်မှ ငြိမ်သွားသောကလေးငယ်ကြောင့် ကွန်ပျူတာခလုတ်များအပေါ်ရွေ့လျားနေဆဲသောလက်ချောင်းများကိုရပ်ကာ အနောက်သို့ထိုင်ခုံနှင့်တကွ လှည့်လိုက်သည်။
" ကြည့်အုံး ။အဲ့မျက်လုံးတွေက ဘာကိစ္စနဲ့အရောင်မှိန်သွားရတုန်း ရိုင်း "
ခေါင်းကြီးအောက်စိုက်ပြီး မျက်နှာညှိုးနေသည့်ကလေးငယ်၏လက်တွေကိုဆွဲယူပြီး သူဆိုလိုက်သည်။ ခပ်လဲ့လဲ့မျက်ဝန်းများ၏အရောင်လျော့မှုက သူ့ရင်ကိုတိုက်ရိုက်လှုပ်ခတ်တတ်သည်မို့ အခုလိုမေးတာကို ဒီကလေးဘာတွေ စဥ်းစားနေပြန်ပြီလဲ?

YOU ARE READING
3. NEEDED ( Completed)
Roman pour AdolescentsTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...