ep - 30 (Zaw)

825 21 1
                                        

အပိုင်း ၃၀
.
.
.
ကားပြတင်းပေါက်မှအပြင်ကိုငေးနေသော မျက်လုံးတစ်စုံတွင် ပျော်ရွှင်မှုတို့ယှဉ်တွဲနေသည်။ လက်ထဲတွင်ရှိနေသော အဖြူရောင်ပလတ်စတစ်အကြည်လေးကို တကြည့်ကြည့်လုပ်နေသည်ကလည်း ခဏခဏ။

" ကို ပြန်လာပြီ သားနဲ့မေ "

တိုးဖွဖွရေရွတ်နေသော နှုတ်ခမ်းအစုံဟာ ကျေနပ်မှုပီတိများဝေဆာလို့နေလေဟန်။
အကြောများထိုးထောင်ထွက်နေသော အရေတွန့်တွန့်လက်တို့က ပလတ်စတစ်ခြားနေသော ဖြူလွှလွှကလေးဝတ်ရှပ်အင်္ကျီလေးကို ဖွဖွပွတ်သပ်နေခဲ့သည်။

မှိုင်းမှုန်လာသောပတ်ဝန်းကျင်တွင် ရုတ်တရက်ရွာကျလာသော မိုးရေများကြောင့် ကားအတွင်းရှိလူများ၏ စိတ်ပျက်ညည်းညူးသံများ ဟိုတစ်စ ဒီတစ်စထွက်ပေါ်လာသည်။

" ဟာကွာ ကျစ်! ဒီမိုးကတော့ လုပ်ပြီ "

" ဟုတ်ပါ့ ။ ခရီးသွားရင်လည်း ဒီမိုးကြောင့်ပဲစိတ်ညစ်ရတယ်"

" မနက်က မိုးလေဝသသတင်း နားမထောင်ခဲ့ကြဘူးထင်တယ်"

တစ်ယောက်တစ်ပေါက်အပြောတွေကို ဂရုမစိုက်နိုင်ဘဲ မှောင်မည်းလာနေသောကောင်းကင်ကြီးကိုသာ ရင်နာစွာငေးနေသောလူကြီးတစ်ယောက်လည်း ထိုကားပေါ်တွင်ပါလာခဲ့သည်။ အချိန်ကြာလာလေ သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုတို့က တရိပ်ရိပ်တိုးပွားလာပြီး ချိနဲ့နေသောလက်တို့က တုန်ခါလို့လာ၏။

" ကျွန်တော်တို့မိသားစုလေးကို ပြန်တွေ့ခွင့်တော့ပေးပါ မိုးရယ်...."

ဖြစ်လာမည့်ကံကြမ္မာကို ကြိုသိနှင့်သည်အလား ထိုလူကြီးဟာ ကြောက်ရွံ့တုန်လှုပ်စွာတိုးညင်းညင်းဆိုလေသည်။
ခရီးသည်များတင်ဆောင်လာသော ဟောင်းနွမ်းနွမ်းကားကြီးကတော့ သည်းသည်းမည်းမည်းရွာသွန်းနေသောမိုးရေများကြား တရွေ့ရွေ့မောင်းနှင်နေခဲ့လျက်ပင်သာ။

>>>>>>>>>>>>>>>>>>>>>>>>>

မိုးသည်းသည်းတွေကြားမှာပြေးလွှားနေသော ရွာသူ၊ရွာသားများ.....။
ကမ္ဘာပျက်နေသည့်အလားဆူညံပွက်လောရိုက်သံတွေ တဖြည်းဖြည်းကျယ်လောင်လာပြီး ပတ်ဝန်းကျင်တစ်ခွင်ဗြောင်းဆန်နေသည်။

3. NEEDED ( Completed) Where stories live. Discover now