အပိုင်း ၁၉ (Uni)

4.6K 280 9
                                        

အပိုင်း ၁၉
.
.
.
"အဟင့်...ငါလွမ်းနေတာ"

အခန်းထဲရှိလူအားလုံးသည် သူတို့နှစ်ဦးကိုသာအမှတ်တမဲ့ ငေးနေကြသည်။
အသွင်ရိုင်းလည်း ကြောင်အနေရာမှ သတိဝင်လာပြီး ဘေးနားမှာ ဦးတိုင်းရှိတာကိုသတိရသွားကာ ဝေယံရဲ့ လက်တွေကို ဖြည်ချရင်း

" အာ့..လွှတ်အုံးဟ အရူးကောင်ရ!"

ထိုအခါ ဝေယံရဲ့ လက်တွေပြေကျသွားပြီး သူ့ကို ငုံ့ကြည့်လာသော မျက်ဝန်းလဲ့လဲ့လေးတွေကြောင့် သူ ရုတ်တရက်ဆွံအသွားရပြန်၏။
ဝေယံက ငိုနေတယ်!

ကလေးတွေကိုကြည့်ပြီး သူနေနေဖို့ မလိုအပ်တာကြောင့် တိုင်း အပြင်ကို တိတ်တိတ်ကလေးပဲ ပြန်ထွက်လာခဲ့လိုက်သည်။ အခန်းဝနားမှာ ရပ်နေသော အသားညိုညိုနှင့်ချစ်စရာကောင်မလေးကတော့ သူ့ကို မျက်လုံးဝိုင်းတွေနှင့်သာ ကြည့်လို့နေ၏။ တိုင်း ထိုကလေးမလေးကို အသာပြုံးပြပြီး ထိုနေရာမှ ဝေးရာသို့ ထွက်လာခဲ့လိုက်သည်။

" ဘာလို့ ငိုတာလဲဟ! ငါ​သေသွားတာကြနေတာပဲ"

အသွင်ရိုင်း ရွှတ်နောက်နောက်ဆိုလိုက်တော့ မျက်ရည်တွေနှင့်ဝေယံက ထုံးစံအတိုင်း ထဆဲတော့၏။

" ခွေးကောင်စုတ်လေး! ငါကတော့ စိတ်ပူနေတာ ! ဒင်းကတော့ နောက်နိုင်သေးတယ် ဟုတ်လား..."

သူ့လက်မောင်းကို ဗြန်းခနဲ ရိုက်ချလိုက်သော ဝေယံကြောင့်  လက်တစ်ခုလုံးနာသွားပေမဲ့ အသွင်ရိုင်း ကျေနပ်နေပါသည်။သူ့ကို ဂရုစိုက်လို့ အခုလိုသူ့ဆီကို အပင်ပန်းခံလာကြတာမလား။အခုလို တွေးလိုက်တော့လည်း သူငယ်ချင်းဆိုသော နာမ်စားလေးက ရင်ကို နွေးထွေးစေပြန်၏။

အခန်းဝနားတွင် ငိုင်ငိုင်လေးရပ်နေသော သွန်းကိုမြင်မှ သူတို့နှစ်ယောက်အတူလာသည်ကို သူ ရိပ်မိလိုက်သည်။ ထိုအခါမှ သူတို့ကို ငေးကြည့်နေသော သူမအား အားနာစွာဖြင့်

" သွန်း လာလေဟာ။ နင်ရော နေကောင်းသွားပြီလား?"

" ငါ..."

နေကောင်းသွားပြီလားဆိုသော အမေးကြောင့် သွန်းတစ်ယောက် ဆွံ့အသွားသည်။ စိတ်ထဲမှာလည်း သူမ ဘယ်တုန်းက နေမကောင်းဖြစ်လို့လဲဟု ပြန်တွေးနေမိရင်း

3. NEEDED ( Completed) Where stories live. Discover now