အပိုင်း ၂၅ (Uni)

4.7K 234 15
                                        

အပိုင်း ၂၅
.
.
.

တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဖြေဆိုရန် ရက် ၃၀ သာ လိုတော့သည်။

White boardပေါ်က စာလုံးအကြီးကြီးတွေသည် ကျောင်းသားများအား စာလုပ်ကြတော့ဟု ဆိုသောသဘောဖြင့် ရေးထားသည်မှန်သော်လည်း မြင်နေရသောကျောင်းသားတွေကတော့ ကြောက်လန့်စိတ်သာဖြစ်နေကြသည်။ ဆရာမတွေက မစိုးရိမ်ကြဖို့ ဘယ်လောက်ပင် နားချနားချ လူကြီးသူမတွေရဲ့ ဆယ်တန်းက နတ်ကြီးသည်ဟူသော တရားသေစကားအောက်တွင် ကျောင်းသားအားလုံး ဘုရားတနေရတော့၏။

" သွင်လေး ဒီအပုဒ်ကိုပြန်ရှင်းပြအုံး!"

"..."

" သွင်းလေ..ဒီဟာရော"

"...."

" အဲ့...ဒါလေးပါ"

"...."

" ဒါကရော..ဘယ်လိုတွက်ရတာလဲ?"

ဒါကတော့ chemistry definition တွေ အလွတ်ရေးနေသော အသွင်ရိုင်းကို သင်္ချာပုစ္ဆာတွေ တရစပ်မေးနေသော ဝေယံရှိုင်းပဲဖြစ်ပါသည်။အသွင်ရိုင်းမှာတော့ chemistry တစ်ပုဒ်ရေးလိုက် ဝေယံရှိုင်းကို သင်္ချာတစ်ပုဒ်ရှင်းပြလိုက်နှင့် သံသရာလည်နေပါတော့၏။

" သွင်လေး...ဒါ"

" ရှိုင်း...ဝေယံ!! "

အသံမာမာဖြင့် ခေါ်လိုက်သည့်အဆုံး မျက်နှာငယ်လေးနှင့် အသွင်ရိုင်းရှေ့ရောက်နေသော သူ့သင်္ချာစာအုပ်လေးကိုပြန်ယူကာ

" အင်းပါ...အင်းပါ...ငါမနှောင့်ယှက်တော့ဘူးနော်"

တစ်ဖက်ကိုလှည့်သွားလေသော ဝေယံကိုကြည့်ပြီး သူသက်ပြင်းသာချလိုက်သည်။
စာမေးပွဲနီးမှ အသည်းအသန်ခဲမှန် လုပ်နေသော ဝေယံ့အစား သူရင်ပူမိ၏။ သူ့အတွက် ရက် ၃၀က ဘာသာစုံ revision ပြန်ဖို့ လုံလောက်ပေမဲ့ ရှိုင်းဝေယံကတော့ အခုထိ ဘာသာစုံမရသေးဘူး ထင်သည်။ သူတို့ဆီအလာကျဲသွားသော သွန်းမာလာကလည်း စာတော်သူတစ်ယောက်ဖြစ်တာကြောင့် သူမအတွက်ထူးပြီးစိတ်မပူရ။ဒီကောင်စုတ်ကတော့ အခုထိ မေးလို့ကောင်းဆဲဖြစ်နေသေးတော့ အသွင်ရိုင်းမှာ ကိုယ့်အတွက်ကို မပူရဘဲ ထိုကောင်စုတ်အတွက်ပဲ ပူနေရ၏။

3. NEEDED ( Completed) Where stories live. Discover now