အပိုင်း ၃၅
(A/N ဒီအခန်းမှာက ရှိုင်းဘုန်းမာန်ရဲ့ခံစားချက်ကိုဖော်ပြထားတာ ဖြစ်ပါတယ်။ တိုင်းရဲ့ခံစားချက်ကိုတော့ ပြီးခဲ့တဲ့အပိုင်း 17 မှာ ဖော်ပြခဲ့ပြီးပါပြီနော်.။ သူတို့နှစ်ယောက်ရဲ့အတွေးနဲ့စိတ်သဘောထားကို ထပ်ပြီးနားလည်ချင်တယ်ဆိုရင် အပိုင်း 17နဲ့ ယခုအပိုင်း 35ကို ယှဥ်တွဲဖတ်ကြည့်ပါ ။)
.
.
.
" ဒါဘာလဲ.. တိုင်း!!..ဒီထဲက ဟာတွေကရော
ဘာတွေလဲ!!..."
သူ့လက်ထဲဲက အနက်ရောင်စာအုပ်လေးကိုကြည့်နေသော ထိုကောင်ငယ်လေးဟာ လန့်ဖျန့်သွားပြီး ထစ်ငေါ့စွာပြောလာသည်။
" အဲ့ဒါ.. "
"အဲ့ဒါ ဘာလဲ...!! ပြော!! "
သူ့ရဲ့လေသံမာမာကြောင့် ထိုကောင်ငယ်လေး၏ခြေလှမ်းတွေ နောက်သို့ရွေ့သွားသည်။ ရေစက်များခိုကပ်နေသောစိုစိုကပ်ကပ်ဆံသားများဆီမှလည်း ရေပေါက်သေးသေးလေးများဟာ သန့်ရှင်းနေသောကြမ်းပြင်ပေါ် တစ်စက်ချင်းကျလို့နေပါ၏။
သူ့ရင်ထဲမှာလည်း မကောင်းသောခံစားချက်တွေရှိ၏။
သို့ပေမဲ့ သူဟန်ဆောင်ပြီး ဖုံးကွယ်ထားလိုက်သည်။
ဒီကောင်လေးရဲ့အနာဂတ်လေး မပျက်စီးစေချင်၍ပါ။
"အဲ့ဒါက..."
" တိုင်း!!.."
အထစ်ထစ်အငေါ့ငေါ့ဖြင့် တုန်လှုပ်နေသည့်မျက်နှာသေးသေးလေးကြောင့် သူ့ရဲ့ရင်ဘတ်ကြီးတစ်ခုလုံး အောင့်မျက်လာကာ အသံကုန်အော်မိသည်။
သူ့ပုံစံကိုကြည့်ကာ ထိတ်လန့်သွားသည့်ကောင်ငယ်လေးကတော့ မျက်လုံးများဝိုင်းလျက်။
သူသည် ရှေ့သို့တိုးသွားပြီး တောင့်တင်းနေသောပခုံးနှစ်ဖက်ကို အားပါပါဆုပ်ကိုင်ပစ်လိုက်သည်။ ထိုအခါ
ရေချိုးထားပြီးစမို့ ခပ်နွေးနွေးပခုံးသားများကို အနီရောင်တီရှပ်လေးမှတစ်ဆင့်ခံစားလိုက်မိ၏။ သို့ပေမဲ့
ငုံ့သွားသော အဖြူရောင်ခေါင်းလုံးလုံးလေးသည် သူ့မျက်လုံးတွေရဲ့အဓိပ္ပါယ်ကိုမူ မြင်နိုင်ခြင်းမရှိခဲ့။
" မေးနေတာ ဖြေလေ!!...ဒီထဲက စာတွေက
ဘာတွေလဲလို့..ဘယ်လိုလုပ် မင်းဆီမှာ အဲ့စိတ်တွေ ရှိနေခဲ့တာလဲ...!ဘယ်တုန်းက အခုလို..အခုလို......ဟာကွာ...တောက်!!!.."
YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
