အပိုင်း ၇
.
.
.
အတန်းထဲဝင်လိုက်တာနှင့် နောက်ဆုံးခုံမှာ နှစ်ယောက်တစ်ကမ္ဘာဖြစ်နေသော ရှိုင်းဝေယံနှင့် သွန်းကိုတွေ့ရသည်။ ရှိုင်းဝေယံကတော့ သူ့ဝသီအတိုင်း ပေါက်ပေါက်ဖောက်သလို စကားတွေပေါနေသည်ကို သွန်းကအပြုံးလေးနှင့် နားထောင်ပေးလို့နေသည်။တကယ်ပါ။ သူတို့နှစ်ယောက်အရမ်းချစ်စရာကောင်းသည်။ ကျွန်တော့်ကိုမြင်သော်လည်း စကားပြောမပြတ်သည့် ရှိုင်းဝေယံသည် သူကြည့်လာသည့် k-dramaဇာတ်ကားအကြောင်းကို အမြှုပ်ထွက်မတတ်ပြောပြနေတာဖြစ်သည်။ သုံးလေးယောက်လောက်ထိုင်ရသော ခုံတန်းရှည်တွင် အဖျားဆုံးဖြစ်သည့် ကျွန်တော့်နေရာတွင် ဝင်ထိုင်လိုက်ပြီးနောက် သူတို့နှစ်ယောက်ကို အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်ပါ၏။"ကောင်းသော မနက်ခင်းလေးပါ သူငယ်ချင်းတို့"
ထိုအခါ
ဇာတ်လမ်းအကြောင်း အားရပါးရရှင်းပြနေသော ရှိုင်းဝေယံမှာ စကားကြောကို တိခနဲဖြတ်ချခံလိုက်ရသကဲ့သို့ ရပ်တန့်သွားသည်။ရှိုင်းဝေယံရဲ့ စကားကို စိတ်ဝင်တစားနားထောင်နေသော သွန်းကလည်း ပြူးကျယ်သော မျက်ဝန်းအစုံနှင့် ကျွန်တော့်ဘက်ကို လှည့်ကြည့်လာ၏။ ထို့နောက် ကျွန်တော့်နဖူးပေါ်ရောက်လာသော ဖြူဖောင်းဖောင်းလက်တစ်ဖက်နှင့်အတူ"မင်း ဆေးမှားသောက်လာတာတော့ မဟုတ်ဘူးမလား မောင်??"
နဖူးပေါ်က ရှိုင်းဝေယံလက်ကို ဖယ်ချလိုက်ပြီး ကျွန်တော်ဆိုမိသည်။
"ဆေးမှားသောက်ရအောင် ငါ့မှာရောဂါမှ မရှိတာ"
"မဟုတ်ဘူး။ ဒီနေ့ နင်တကယ် ထူးဆန်းနေတာ"
သွန်းကပါ ဝင်ပြောတော့ ကျွန်တော်ခပ်ဟဟ ရယ်မိမိ၏။ထိုအခါ
" တွေ့လား?? တွေ့လား??သွန်း ဒီကောင် တော်တော်ကို ထူးဆန်းနေပြီ။ငါ့သူငယ်ချင်း ရေခဲတုံးကြီး အသွင်ရိုင်းမှ ဟုတ်ရဲ့လား??"
ဟုဆိုကာ ကျွန်တော့်ကို နောက်အတင်းလှည့်ခိုင်းပြီး ကျောင်းuniformအဖြူအင်္ကျီကို ကုပ်ပိုးသားများပေါ်အောင် ဆွဲချသည်။ သွန်းကတော့ ရှိုင်းဝေယံဘာလုပ်နေလဲဟု စိတ်ဝင်တစားကြည့်လို့သာနေ၏။
YOU ARE READING
3. NEEDED ( Completed)
Roman pour AdolescentsTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...