အပိုင်း ၄၄ (Uni)

3.1K 182 8
                                    

အပိုင်း ၄၄
.
.
.
ခံ့ခံ့ညားညားထိုအမျိုးသားကြီး၏အကြည့်တွေက အသွင်ရိုင်းရှေ့မှပိတ်ရပ်ထားသော ရှိုင်းဝေယံဆီသို့ တည့်တည့်ကျရောက်နေသည်။
လုံးတုတ်တုတ်ပုတုတုခန္ဓာကိုယ်လေးနှင့် ပိန်ပိန်ရှည်ရှည်ကောင်လေးကို ကာထားသည်က မလုံမခြုံမို့ ထိုအမျိုးသားကြီး၏နှုတ်ခမ်းတွေပြုံးသွား၏။
ထိုအပြုံးက လှောင်ပြုံးသဘောမျိုးသာဖြစ်သည်။

" ရှေ့ကဖယ်လိုက် ကောင်လေး ။ ငါ စကားပြောချင်တာ မင်းနဲ့မဟုတ်ဘူး "

တည်ကြည်သောအသံဩရှရှသည် မနူးညံ့သော်လည်း ချိုသာခြင်းဟုမဆိုနိုင်။
ရှိုင်းဝေယံလည်း ရိုင်းစိုင်းသည့်အပြုအမူမှန်းသိပါလျက် ဆက်လက်ပြီးပိတ်ထားနေမိဆဲ။
ပတ်ဝန်းကျင်ကိုလည်း မျက်လုံးဝေ့ကြည့်တော့ လူပြတ်နေ၏။
ကားကြီးနားက ခပ်တောင့်တောင့်လူကြီး ၃ ယောက်ကြောင့် မသိမသာတံတွေးမျိုချပြီး ခြေတစ်လှမ်းနောက်ဆုတ်လိုက်ကာ

" ဒီလူတွေက မကောင်းတဲ့လူတွေပဲထင်တယ် ။ မင်းပြေးတော့ သွင်လေး ။ ဒီနားမှာရှိနေတာ ဒီ​လူကြီးတစ်ယောက်တည်းရယ်...ငါရအောင်တားထားမယ်... သွားတော့ "

နောက်ကိုခေါင်းအနည်းငယ်စောင်းပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
နှစ်ကိုယ်ကြားရုံပြောသည်မို့ ရှေ့ကလူကြီးတော့ကြားလောက်မည်မဟုတ်။
သူထင်ထားသလို ထွက်မသွားသေးသောသွင်လေးကြောင့် ရှိုင်းဝေယံ စိတ်တိုသွားရင်း

" သွားတော့လို့...။ ချီး ကြာရင် ရိပ်မိကုန်တော့မှာပဲ.."

သူကသာစိုးရိမ်လွန်ကဲနေတာ။
သူ့နောက်က ခပ်မှိုင်းမှိုင်းအရုပ်ကလေးကတော့ ငြိမ်သက်နေမြဲ။

" အဟက်...မကြောက်မလန့်လေးပဲ ။ ပြောစကားနားမထောင်တော့လဲ နာခံသွားအောင်ဆုံးမရမှာပေါ့ "

မဲ့ပြုံးတစ်ချက်နှင့် ပြောကာ ကားနားကလူတွေကို မျက်ရိပ်ပြလိုက်သော ထိုအမျိုးသားကြီး။
ရှိုင်းဝေယံ နှလုံးခုန်နှုန်းတွေမြန်လာသည်။
သူ့လိုကလေးသာသာကောင်လေးက ထိုလူကြီးတွေနဲ့ဘယ်လိုများ ယှဥ်နိုင်မလဲ??
ယှဥ်ဖို့နေနေသာသာ တစ်ခါဆွဲလွှင့်ရုံနဲ့တင် ကိစ္စပြီးနိုင်သည်မဟုတ်လား။
မဖြစ်။
ဒီလူတွေရဲ့သားကောင်က သွင်လေးမို့ သူ့အနေဖြင့် လက်ပိုက်ကြည့်၍မနေနိုင်ပါ။

3. NEEDED ( Completed) Where stories live. Discover now