အပိုင်း ၅၁
.
.
.
( ဤ ep မှာပါတဲ့ လန်ဒန်မြို့အကြောင်းဟာ အနီရှာဖွေရသလောက်ပါပဲ ။ အကုန်သိတာမဟုတ်လို့ တချို့အချက်တွေလွဲရင်လွဲနိုင်ပါတယ်။အနီက ficအနေနဲ့ပဲ လန်ဒန်ကိုအသက်သွင်းခဲ့တာမို့ လွဲချော်နေမှုများရှိရင် နားလည်ပေးပါဗျ။)
ဘဝမှာရှိခဲ့သော အပျော်ရွှင်ရဆုံးအချိန်တွေကို ရေတွက်ကြည့်လျှင် ချစ်ရသူအကြောင်းကထိပ်ဆုံးမှာပါသည်။
အဲဒီ့နောက်မှာ သူနဲ့အတူတူရှိခဲ့ကြသော နေ့တွေနဲ့ ရာသီတွေ။
လှပသော နေ့ရက်တွေဟာ ချစ်ရသူရဲ့အပြုံးတွေနဲ့ပဲစတင်ပြီး goodnightဆိုသော နှုတ်ဆက်စကားလေးနှင့်အဆုံးသတ်သည်။
ကာလတွေရှည်ကြာနေလည်း ချစ်ရသူနှင့်သာဆို တိုတောင်းလိုက်တာလို့ရေရွတ်မိသည်အထိ လောဘကြီးတတ်ကြသေးတာ ကျွန်ုပ်တို့လူသားတွေပဲဖြစ်၏။
ထိုလူသားတွေထဲမှာ ချစ်ရသူတစ်မျက်နှာကိုပဲကြည့်တတ်သည့် ရှိုင်းဝေယံဆိုသောကောင်လေးလည်း အပါအဝင်ဖြစ်ပေသည်။
၆ နှစ်ကျော်။
သူတို့အတူရှိခဲ့ကြတာ ၆ နှစ်ကျော် ၇ နှစ်နီးပါး။
ထို ၆ နှစ်ကျော် ၇ နှစ်နီးပါးက ရက်ပေါင်း ၂၀၀၀ ကျော်။
ထိုရက်ပေါင်း ၂၀၀၀ ကျော်ဟာ ရှည်ကြာလွန်သောအချိန်ဖြစ်ပေမဲ့ ဝေယံ့အတွက်တော့ မလုံလောက်သေးပါ။
ထိုကာလအတွင်း ဝေးခဲ့ရသည့်ကြာချိန်က ၂ရက်ပင်မပြည့်ခဲ့။
ဖြစ်နိုင်လျှင်
တကယ်လို့သာ ဖြစ်ခွင့်ရရင် ဒီလန်ဒန်မြို့ကြီးမှာ ထိုကောင်ကလေးနဲ့ သေသည်အထိအတူရှိချင်ပါသည်။
ဆံပင်တွေဖြူ ၊ ခါးတွေကုန်းသည်အထိ ဒီတာဝါတံတားကြီးပေါ်မှာပဒ အတူတူလမ်းလျှောက်ချင်ပါသည်။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
လန်ဒန်တာဝါတံတား
" ဝေယံ "
အတွေးလွန်နေသည့်သူ့ကို အသွင်ရိုင်းက ခေါ်လိုက်ခြင်းဖြစ်သည်။
ဘာလဲဆိုသောအကြည့်နှင့် ဘေးကိုပြန်မော့ကြည့်လိုက်လျှင် ဝေယံ့ကမ္ဘာကြီးတစ်ခုလုံး ကြယ်တွေကြွေကျသလို တဖျတ်ဖျတ်လက်သွားရ၏။ အနီရောင်ကုတ်အရှည်ကြီးနှင့် ထိုသူဟာ ဆောင်းရာသီရဲ့နတ်သားတစ်ပါးလိုတောက်ပပြီး ညနေ၏မီးအလင်းရောင်ကြားမှာ ထည်ဝါခံ့ညားနေသည်။အညိုရောင်ပျော့ပျော့ဆံပင်ရှည်တွေကို နောက်တွင်ဖြစ်သလိုစုစည်းထားသည်မို့ မမှီသောဆံပင်စတို့က နီရဲရဲနားရွက်ဖျားတွေရှေ့မှာ ပြိုကျနေ၏။
YOU ARE READING
3. NEEDED ( Completed)
Fiksi RemajaTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
