အပိုင်း ၆ ( Uni)

9.2K 627 25
                                    

အပိုင်း ၆
.
.
.
ညသည် အိပ်မပျော်သူတို့အတွက် အထီးကျန်ခြင်းကို ဖြစ်ပေါ်စေသည်။ မီးမှိတ်ထားသောအခန်းသည် လရောင်ဖြာကျမှုကြောင့် ရှင်းရှင်းလင်းလင်းမမြင်နိုင်သော်လည်း မှောင်မိုက်မနေ။ အပြာနုရောင်လွှမ်းနေသော အိပ်ရာတစ်ဖက်စွန်းတွင် လရောင်ကို မော့ကြည့်နေသော ကောင်ငယ်လေးတစ်ယောက်ရှိနေသည်။ မျက်ဝန်းလက်လက်ကလေးတွေကတော့ တစ်စုံတစ်ဦးကို စောင့်မျှော်နေသလို လွမ်းဆွတ်နေပုံလည်းရသည်။

အသွင်ရိုင်း လင်းထိန်နေသော လမင်းကြီးကိုငေးမောရင်း တစ်ယောက်တည်းအထီးကျန်သလို ခံစားမိသည်။ တစ်ကောင်ကြွက်သူ့ဘဝမှာ ခင်တွယ်စရာသူငယ်ချင်းရှားခဲ့သည်။အမျိုးအဆွေမရှိ၊ညီအစ်ကို၊မောင်နှမမရှိ။
တစ်ယောက်တည်းနေသားကျသွားမှာပါဆိုပြီး ဖြေသိမ့်ခဲ့ပေမဲ့ လက်တွေ့မှာတော့ အသားမကျလှ။

ဒါပေမဲ့ အခုတော့ သူ့မှာ သူငယ်ချင်းနှစ်ယောက် ရှိခဲ့ပြီ။အသွင်ရိုင်းသည် အပြင်မှာ အေးစက်စက်ဆက်ဆံနေပေမယ့် နှလုံးသားထဲမှာတော့ နွေးထွေးစွာခံစားရသည်။ငါတစ်ယောက်တည်းမဟုတ်ဘူး၊ ငါ့မှာ သူငယ်ချင်းတွေ ရှိတယ်၊အရင်လို အထီးကျန်နေ့ရက်တွေ ရှိမှာ မဟုတ်တော့ဘူးဆိုပြီး တစ်ယောက်တည်းဂုဏ်ယူနေမိ၏။
အချင်းချင်း ကူညီရိုင်းပင်းပြီး ပျော်ကြမဲ့၊ ငိုကြမဲ့ သူငယ်ချင်းကောင်းနှစ်ယောက်ကို ပိုင်ဆိုင်ထား​ပြီ။ ကျွန်တော်ထင်သည် ကျွန်တော်သည် ကံကောင်းသည်ဟု။

ပျော်ရွှင်မှုကို အမူအရာနှင့် မဖော်ပြတတ်ပေမဲ့ သူ့နှလုံးသားထဲတွင်တော့ တကယ်ကို ပျော်ပါသည်။ထိုအကြောင်းကို သူတို့သိအောင် ဘယ်လိုများပြောရပါ့။

ယနေ့ညသည် သူပဲ အိပ်မပျော်လို့လားမသိ၊ပို၍တိတ်ဆိတ်နေသလို ထင်မိသည်။
မတွေ့ရတာ ကြာနေပြီဖြစ်သော လူတစ်ယောက်ကိုလည်း သတိရမိသည်။အဝေးကသာ မြင်ခဲ့ရသော မျက်နှာတစ်ခြမ်းကို အခုထိ အလွတ်ရနေသောအခါ ပို၍ အောက်မေ့ဖြစ်သည်။

နတ်ဘုရားတစ်ပါးအသွင် ခံ့ညားလှသော ထိုသူသည် အဘယ်ကြောင့် ကျွန်တော့်ကို မမြင်မတွေ့စေလိုချင်ကြောင်း ၁၂ နှစ် ချာတိတ်သာသာအရွယ် ကျွန်တော့်ဦးနှောက်က တွေးတော၍ပင်မရ၊ကျွန်တော် ဉာဏ်ရည် နည်းသေးသည် ထင်သည်။

3. NEEDED ( Completed) Where stories live. Discover now