အပိုင်း ၃၈ (Uni)

3.5K 196 7
                                        

အပိုင်း ၃၈
.
.
.
တဆစ်ဆစ်ကိုက်ခဲနေသောဦးခေါင်းကိုထိန်းကိုင်ရင်း လှေကားထစ်တွေကို တစ်ဆင့်ချင်းတက်လိုက်သည်။ လက်တစ်ဖက်ကလည်း လှေကားလက်ရန်းကို အားပြုကိုင်ထားရသေး၏။
တိုင်းသည် ဝိုင်အပြင်းစားတွေကို မသောက်နိုင်သူဖြစ်သည်။သိပ်ပြီးလည်းမတည့်။
သောက်မိရင် အသိစိတ်လွတ်သည်အထိ မူးတတ်သည်။
ထိုသည်ကိုသိသည့်လွန်းက အခွင့်ကောင်းယူကာ သူ့ကိုတစ်ဖက်လှည့်ဖြင့် မူးအောင်လုပ်ခဲ့သည်မို့
အခုအိမ်ပြန်ရောက်တော့ အပေါ်ထပ်ပင်ကောင်းကောင်းမတက်နိုင်တော့ပါ။

ပါတီပွဲမှအကြောင်းအရာအားလုံးသည်  နောက်ကျိရှုပ်ထွေးနေသော တိုင်းရဲ့ခေါင်းထဲကို နောက်တစ်ဖန်ဝင်ရောက်လာပြန်သည်။

>>>>>>>>

လွန်ခဲ့သော ၃နာရီခန့်က..

များပြားသောလူအုပ်ထဲတွင် အေးစက်သောတည်ငြိမ်မှုနှင့် လျစ်လျူရှုကာ ရပ်နေလိုက်သည်။
ဝိုင်ခွက်ကို ဟန်ပြအဖြစ်သာကိုင်ထားပြီး စကားဝိုင်းထဲတွင်လည်း ဝင်မပါမိ။
ဒီလိုနေရာက သူ့အတွက် သက်တောင့်သက်သာမဖြစ်ဘူး။
ဒါပေမဲ့ သူမကြောင့်သာ။

စကားစမြည်းပြောနေကြသည့်စီးပွားရေးသမားများသည် လုပ်ငန်းအကြောင်းရောက်သွားလိုက် ၊ အပျော်အပါးထွေရာလေးပါးအကြောင်းရောက်သွားလိုက်နှင့် အဖွဲ့ကျနေသည်။ထိုစိမ်းသက်သက်ဝန်းကျင်ထ တိုင်းတစ်ယောက်သာ နားထောင်သူသက်သက်ဖြစ်နေခဲ့လျက်။

" ကျွန်တော်ဂုဏ်ပြုတာလေးတော့ လက်ခံသင့်တယ် ဦးမင်းဝဠာတိုင်းရေ ။ ခင်များက မကြာခင် ကျွန်တော်နဲ့အမျိုးတော်ရတော့မှာဆိုတော့လေ...ဟား..ဟား..."

လှောင်သလို ၊ ရွဲ့သလို နောက်ပြောင်လာသူက လွန်းရတုရဲ့ ဦးလေးသာဖြစ်သည်။
'တိုင်းဝဠာ ' မျိုးဆက်ရဲ့အကြီးအကဲဖြစ်သူ ဦးတိုင်းအာဏာနှင့် ထိုသူတို့ဟာ စီးပွားရေးတွဲဖက်များဖြစ်သည်မို့ သူနှုတ်ဆိတ်နေလိုက်သည်။
အဖိုးဖြစ်သူရဲ့ဖိနှိပ်မှုများကြောင့် သူဆိုသည်မှာ လူတိုင်း၏အထင်ကြီးမှုကို မရခဲ့ရသူမလား။
ထိုအစား ကဲ့ရဲ့မှုများနှင့် လှောင်ထေ့ထေ့အကြည့်များသာ ခံယူရရှိခဲ့သည်က ယခုထိပင်။

3. NEEDED ( Completed) Where stories live. Discover now