လွန်းရတု
လွန်းရဲ့အကြောင်းလေးပါ။
သူမရဲ့ ခံစားချက်နဲ့ပတ်သက်ပြီး ရှင်းပြချင်လို့ အခုလို သက်သက်ပြောပြတာပါ။
ဇာတ်လမ်းမဟုတ်လို့ မဖတ်ချင်လည်း ရပါတယ်ဗျ။ကျော်သွားပေါ့နော့်။
ဒါပေမဲ့ လာမယ့်အပိုင်းကိုဖတ်ပြီးမှ လွန်းက ဘယ်လိုလူမျိုးလဲ လာမေးရင်တော့ အနီနှုတ်ပိတ်နေမှာပါ။ လုံးဝကို မဖြေပါဘူးနော်။အကြောင်းအရာ ဒီမှာစတင်၏
လွန်းက ဘယ်လိုကောင်မလေးလဲဆိုရင် အလိုလိုက်ခံထားရတဲ့ ခပ်ဆိုးဆိုးကောင်မလေးပါ။ဒီဇာတ်လမ်းထဲမှာ လွန်းဟာ လုံးဝပြည့်စုံနေတဲ့ အမျိုးသမီးကလေးပါ။
ချမ်းသာတယ်။ရုပ်ချောတယ်။ သူမဆန္ဒအတိုင်း လုပ်ပိုင်ခွင့်အပြည့်အဝရထားတဲ့ ထိန်းချုပ်မှုကင်းတဲ့သူတစ်ယောက်။
သူမအသက် ၂၂နှစ်မှာ မင်းဝဠာတိုင်းနဲ့စေ့စပ်တယ်။
ပြီးတော့ သူမ နိုင်ငံရပ်ခြားကိုသွားတယ်။
သူမ ဘာ့ကြောင့်နိုင်ငံခြားကို သွားသလဲဆိုတော့......
သခင်ကြီးနဲ့ တန်းတူဖြစ်ချင်လို့ပါ...
သခင်ကြီးနဲ့ လိုက်ဖက်တဲ့မိန်းခလေးဖြစ်ချင်လို့ပါ......( စာရေးသူ မြှုပ်ထားတာတွေ)သူမက ငယ်ငယ်ကဆိုးပါတယ်...
ဒါပေမဲ့ နိုင်ငံရပ်ခြားမှပြန်လာတဲ့အချိန်မှာတော့ သူမက ရင့်ကျက်နေခဲ့ပြီ....
လူတိုင်းကို ကြောက်ရွံ့စေနိုင်တဲ့ အရှိန်အဝါရှိနေခဲ့ပြီ.....
သူမကိုယ် သူမလည်း သခင်ကြီးနဲ့လိုက်ဖက်ပြီလို့ ယူဆခဲ့မယ်ထင်တယ်....
သူမက ထက်မြက်တဲ့သူဖြစ်တာမလို့....သခင်ကြီးနဲ့ အသွင်ရိုင်းရဲ့ကြားထဲက ဘယ်သူမှမမြင်နိုင်တဲ့အရာတွေကို ရိပ်မိသွားတယ်...
ဒါပေမဲ့လည်း သူမက အလုံးစုံ မယုံကြည်နိုင်သေးဘူး...
အဲ့ဒီ့နောက်မှာ သူမက အသွင်ရိုင်းကို မနာလိုဖြစ်လာတယ်.....
ပြီးတော့...
သခင်ကြီးရဲ့ဘဝအကြောင်းကို သိသွားတဲ့အချိန်မှာ
သခင်ကြီးဟာ သူမကိုအစားထိုးခံအဖြစ် အသုံးချခဲ့တာလို့ ထင်နေခဲ့တာ....
အစားထိုးခံဖြစ်ရလည်း သူမက ဝမ်းမနည်းသွားဘူး....
သူမလိုချင်တာ သခင်ကြီးကိုပိုင်ဆိုင်ခွင့်...
သူမက ကံဆိုးတယ်...
သခင်ကြီးထပ်ချစ်မိတဲ့သူကလည်း ယောက်ျားလေးဖြစ်ပြန်တော့....
သူမ အားငယ်ဝမ်းနည်းသွားတယ်....
ဝမ်းနည်းတာအပြင် ကြောက်သွားတာလည်းပါတယ်....
သူမကို ချစ်လာနိုင်မှာမဟုတ်ဘူးဆိုတဲ့ အတွေးတွေနဲ့ သူမကြောက်သွားတယ်...
ပြီးတော့ အသွင်ရိုင်းကို သူမမုန်းသွားတယ်...

YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...