အပိုင်း ၁၁ ( Uni)

5.9K 387 15
                                    

အပိုင်း ၁၁
.
.
.
အသွင် ကျောင်းမလာသည်မှာ ဒီနေ့မှ ဖြစ်သော်လည်း ရှိုင်းတိတ်ဆိတ်သွားသည်က မနေ့ကတည်းကဖြစ်သည်။ အရင်လို စကားတွေ ပေါက်ပေါက်ဖောက်သလို ပြောနေတတ်သော ရှိုင်းဝေယံတစ်ယောက် လူစားလဲခံလိုက်ရပြီ ဟု အတန်းဖော်တချို့က စနောက်ကျသော်လည်း ကက်ကက်လန်ရန်ပြန်လုပ်ခြင်းမရှိတော့သော ရှိုင်းဝေယံကတော့ တိတ်ဆိတ်မြဲ။

သွန်းမှာတော့ ရှိုင်းတစ်ယောက်တည်း ဖြစ်နေမှာကြောက်၍ ရှိုင်းအနားက အသွင့်ရဲ့ခုံမှာ နေရာပြောင်းထိုင်လိုက်သည်။ ဘယ်သူထင်မှာလဲ ၊သွန်း မမျှော်လင့်သောစကားကို ပြောလိုက်သူက သွန်းချစ်ရသော ရှိုင်းဖြစ်နေမယ်လို့..

"သွန်း..နင် အဲ့ခုံမှာ မထိုင်ရဘူး"

"ဟမ်.."

ခုံပေါ်ထိုင်ကာစရှိသေးချိန် ရှိုင်းပြောလိုက်သည့် စကားကြောင့် ပြန်ထရမလို ထိုင်ပဲနေရမလို ဖြစ်သွားသူက သွန်း။ ခန္ဓာကိုယ်အတွင်းပိုင်းတစ်နေရာမှာတော့ ငလျင်ကြောမိသူလို တုန်ခနဲ။

"ဘာ..ဘာဖြစ်လို့လဲ ရှိုင်း"

"အဲ့ခုံက သွင်လေးခုံ!နင်ထိုင်လို့မရဘူး!"

တုန်ယင်နေပါသောအသံနောက် အံ့ဩမှုနှင့်အတူ ရှက်ရွံ့ခြင်းက တစ်ပါးတည်း ဖြစ်တည်လာသည့်အခါ ပျက်လုနီးနီးမျက်နှာကို မနည်းထိန်းလိုက်ရင်း ရယ်ကျဲကျဲနှင့်

"အဟဲ..ရှိုင်းကလဲ အသွင်မှ ကျောင်းမလာတာဟာ။ ပြီးတော့ ရှိုင်းတစ်ယောက်တည်း ပျင်းနေမှာစိုးလို့ သွန်းက လာထိုင်ပေးတဲ့ဟာ အခုလိုကြီးတော့ မပြောသင့်ဘူးထင်တယ်"

အသားညိုညိုကောင်မလေးရဲ့ စကားကြောင့် ရှိုင်းက နှုတ်ခမ်းတို့ကို အကျည်းတန်စွာ မဲ့ပစ်လိုက်သည်။

"နင့်ကို ထိုင်လို့မရဘူးလို့ ပြောနေတာလေ ။ ငါကမရရင် မထိုင်နဲ့တော့ပေါ့ ! သွန်း နင်က စကားကိုရှည်တယ်! "

အနည်းငယ် ကျယ်သွားသော အသံကြောင့် အတန်းထဲက ကျောင်းသားတချို့ လှည့်ကြည့်လာသည်။ သူတို့ရဲ့ စိတ်ထဲမှာလည်း အံ့ဩမှုနဲ့ သိချင်စိတ်တို့က တဖွားဖွား။သူတို့ အံ့ဩမည်ဆိုလည်း အံဩလောက်စရာပဲလေ။အမြဲတမ်း တတွဲတွဲဲဖြစ်တဲ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ရဲ့ သွေးအေးစစ်ပွဲကို ယခုမြင်တွေ့နေရပြီ မဟုတ်ပါလား။ရထားတွဲကြီးလို သုံးယောက်သား တလုံးလုံးနဲ့ မြင်တွေ့နေကြဖြစ်တဲ့ ရှိုင်းတို့သုံးယောက်မှာ ယနေ့တော့ အသွင်ရိုင်းဆိုတဲ့ တစ်ယောက် ပျောက်ကွယ်နေသည်။ထူးခြားမှုတွေက အဲ့မှာ စသည်။

3. NEEDED ( Completed) Where stories live. Discover now