အပိုင်း ၁၇ ( Uni)

5.5K 315 11
                                        

အပိုင်း ၁၇
.
.
.
" ဒါဘာလဲ တိုင်း!!..ဒီထဲက ဟာတွေကရော
ဘာတွေလဲ!!..."

အနက်ရောင် စာအုပ်လေးကို ကိုင်ပြီးမေးလာသော ကိုကို။

"အဲ့ဒါ..."

"အဲ့ဒါ ဘာလဲ...!! ပြော!! "

စိတ်မရှည်သလို ထပ်ပြီးမေးလာသော ကိုကို့ကြောင့် ကျွန်တော့်ခြေလှမ်းတွေ နောက်ကိုဖြည်းဖြည်းချင်း ဆုတ်မိသွားသည်။

"အဲ့ဒါက..."

" တိုင်း!!.."

တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော ကျွန်တော့်ရဲ့ ပခုံးတွေကို ဆုပ်ကိုင်ပြီး
ဒေါသတကြီးမေးနေသည့် ကိုကို့ကို ရင်မဆိုင်ရဲစွာဖြင့် ခေါင်းကို ငုံ့ချပစ်လိုက်၏။

စိတ်တိုနေတဲ့ ကိုကို့ကို သူရင်မဆိုင်ရဲပေ!

" မေးနေတာ ဖြေလေ!!...ဒီထဲက စာတွေက
ဘာတွေလဲလို့..ဘယ်လိုလုပ် မင်းဆီမှာ အဲ့စိတ်တွေ ရှိနေခဲ့တာလဲ! ဘယ်တုန်းက အခုလို..အခုလို......ဟာကွာ...တောက်!!!.."

ပခုံးပေါ်ရှိ လက်တွေရဲ့ ဆောင့်ခါတွန်းလိုက်မှုကြောင့် ကျွန်တော့်ခန္ဓာကိုယ်သည် အနောက်ဘက်သို့ ယိမ်းယိုင်လို့သွားသည်။ကြောက်ရွံ့မှုနှင့်အတူ စိုးထိတ်မှုတို့ကြောင့် တင်းတင်းဆုပ်ထားမိသော လက်သီးမှာ သွေးကြောစိမ်းများပင် ထောင်လို့နေတော့၏။

" ကျွန်တော်....ကိုကို့ကို.."

"မပြောနဲ့!!."

ပိတ်အော်ပစ်လိုက်သော ကိုကို့စကားသံကြောင့် ထိန်းထားနိုင်စွမ်းမရှိတော့သော မျက်ဝန်းအိမ်မှ ပုလဲမိုးတို့ အင်တိုက်အားတိုက် ပြိုဆင်းလာသည်။

" ဘာလို့လဲ တိုင်း...ကိုကို မင်းအပေါ်မှာ ညီအရင်းတစ်ယောက်လို သဘောထားပြီး ဆက်ဆံခဲ့တာလေ...။ဘာလို့ အဲ့လိုအတွေးတွေ မင်းဆီမှာ ရှိနေရတာလဲ...။ဟမ်!..ကိုကို့ဘက်က မင်းစိတ်ယိုင်လာအောင် ဘာတွေများ လုပ်ခဲ့မိလို့လဲကွာ....."

နောက်တစ်ကြိမ် ကျွန်တော့်ပခုံးကို ဆုပ်ကိုင်ပြီး ပြောလာသော ကိုကို့အသံတွေဟာ တုန်ယင်နေသလို ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဟာလည်း တုန်ယင်နေခဲ့သည်။
တာကျိုးသလို စီးကျလာသော မျက်ရည်တွေကို မသုတ်နိုင်ဘဲ ကြောက်ကြောက်လန့်လန့်နှင့် ကိုကို့ကိုသာ ငေးစိုက်ကြည့်လိုက်၏။

3. NEEDED ( Completed) Where stories live. Discover now