အပိုင်း ၂၀
.
.
.
ဦးတိုင်းအာဏာသည် လက်ထဲက စာရွက်ဖိုင်တွေကို စားပွဲပေါ် အသာချလိုက်ပြီး လက်တစ်ဖက်ဖြင့် မျက်မှန်အကြည်ကို ပင့်တင်လိုက်သည်။ထို့နောက် ထိုင်ခုံတစ်ဖက်ခြမ်းက သူမကို စူးစိုက်ကြည့်လာပြီး
" မြေးက ဘာလို့အခုလိုမေးတာလဲ?
မင်းဝဠာတိုင်းက 'တိုင်းဝဠာ ' မျိုးဆက်ဆိုတာကို မယုံကြည်တဲ့သဘောများလား?"
တည်ငြိမ်စွာပြောလာသော အဖိုးရဲ့စကားတွေကို သူမကြားပေမဲ့ စိတ်ထဲမှာတော့ သံသယတချို့က ကိန်းဝပ်နေဆဲပင်။
" အဖိုးကို အားနာပေမဲ့ လွန်းက အမှန်အတိုင်း သိချင်တာပါ ။ ကိုကိုက ' တိုင်းဝဠာ 'ရဲ့ ဆက်ခံသူ ဟုတ်၊ မဟုတ်ဆိုတာကိုပေါ့"
" အဲ့ဒါက မြေးအတွက် အရေးကြီးလို့လား?
အဖိုးအနေနဲ့ပြောရရင် မြေးက တစ်ခုခုကိုသိထားပုံပဲ"
အကင်းပါးလှသော အဖိုးဟာ သူမရဲ့ စကားသံကို နားထောင်ရုံနှင့် ခန့်မှန်းနိုင်သည်။
လျှော့တွက်လို့ရမည့် လူတွေထဲမှာ အဖိုးပါမည်မဟုတ်မှန်း လွန်းရတုသိတာကြောင့်
အမှန်အတိုင်းပဲ ပြောပြလိုက်ရ၏။
" တစ်ခုတည်းတော့ ဘယ်ဟုတ်မလဲ အဖိုးရဲ့။
အများကြီး အများကြီးသိထားတာပါ။ ဦးလေးဘုန်းမာန်တို့နဲ့ ရုပ်မဆင်တာတွေ ။အဖိုးနဲ့ မပြေလည်တာတွေ။ ပြီးတော့ ကောလဟာလသတင်းတစ်ခုလဲ ကြားဖူးသေးတယ်"
သူမကို စိုက်ကြည့်နေသော အဖိုးရဲ့ မျက်ခုံးနှစ်ဖက်မြင့်တက်သွားတာကြောင့် လွန်းရတု ကြိတ်ပြုံးလိုက်ကာ
" ဦးလေးဘုန်းမာန်တို့မှာ သားက တစ်ယောက်တည်း ရှိတာတဲ့။ ပြီးတော့ သူက ဦးလေးတို့ မဆုံးခင်ကပဲ ပျောက်သွားတယ်တဲ့...အဟင်း"
မျက်နှာပျက်လုနီး ဖြစ်နေသော အဖိုးကို သူမက နောက်ထပ် မြှားတစ်စင်းပစ်လွှတ်လိုက်ရင်း
" နောက်ထပ်အံ့ဩစရာ သတင်းတစ်ခုလဲ ရှိတယ်။ အဲဒါက ဦးလေးဘုန်းမာန်သားက လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကပဲ ကားအက်ဆီးဒန့်တစ်ခုကြောင့် ဆုံးသွားပြီတဲ့"
သူမရဲ့ စကားကြောင့် တုန်လှုပ်သွားပုံရသည့် အဖိုးရဲ့မျက်နှာကို လွန်းရတု သေချာအကဲခတ်နေမိသည်။
YOU ARE READING
3. NEEDED ( Completed)
Fiksi RemajaTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
