အပိုင်း ၅၇
.
.
.
စကားသံတိုးတိုးလေးသည် နီးကပ်လျက်ရှိသောနားတစ်ဖက်အတွင်း၌ ကျယ်လောင်စွာပေါက်ကွဲထွက်သွားသည်။ ထိုစကားဟာ အရှိန်နှေးနှေးဖြင့်ငြိမ့်ညောင်းနေသောရင်ခုန်သံအား ထပ်တိုးစေလိုက်သည့်အပြင် အသက်ရှူနှုန်းကိုပါလန့်လန့်ဖျန့်ဖျန့် ရပ်တန့်စေသည်။သူ၏ဆံညိုတွေကို မျက်နှာအပ်နမ်းရှိုက်နေသာသူအား သူမော့မကြည့်ရဲခဲ့။
ကြားလိုက်ရသောစကားလေးဟာ သူ့ကို အိပ်မက်လား ၊ စိတ်ကူးယဥ်မှုလား ၊ တကယ်လားဆိုတာ ဝေခွဲရခက်အောင် ဒွိဟဖြစ်စေသည်။ အမြဲတစေမျှော်လင့်ခဲ့ဖူးသည့်အခြေအနေလေးမို့ အမှန်မဟုတ်ဘဲစိတ်ကူးယဥ်မှုဖြစ်မှာ စိုးပါ၏။တစ်ခါလောက်ကြားခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆုခြွေခဲ့ရသူမို့ စိတ်ထင်ပြီးကြားယောင်မိနေမှာကိုလည်း စိုးသည်။ခဏလေးလောက်တော့ အချိန်တွေကိုရပ်တန့်ပေးပါလားဗျာ~~~
ကျွန်တော့် ဒီအိပ်မက်လေး လန့်နိုးမသွားစေလို၍~~~လက်တစ်ဖက်မှ ပူနွေးနွေးအရာတချို့ကို ထိတွေ့ခံစားလိုက်ရသည်မို့ မင်းဝဠာတိုင်း ထိတ်လန့်စွာဖြင့် သူ့ဒူးပေါ်မှခေါင်းလေးကို အသာပင့်ယူလိုက်ပြီး သေသေချာချာကြည့်လိုက်သည်။ထိုအခါ အရည်ကြည်များပြည့်လျှံနေသည့် မျက်ဝန်းဝိုင်းလေးများက သူ့ကိုငေးကြည့်ပြီးငြိမ်သက်နေလေရဲ့။ထူပြည့်နေသောပန်းရင့်ရောင်နှုတ်ခမ်းလေးတွေကတော့ ကွေးညွတ်ပြီးပြုံးနေပုံက နှစ်နှစ်ခြိုက်ခြိုက်။
" ငိုစရာလား? "
"...."
" ကိုယ် မင်းကို ချစ်တယ်ပြောတာ မင်းကိုငိုအောင်လုပ်မိသလို ဖြစ်သွားလား ? ဆောရီး ကိုယ်.."
" ထပ်ပြောပေးပါ "
စကားမဆုံးခင် ဖြတ်ပြောလာသည့်အသံလေးဟာ လှိုင်းထနေသကဲ့သို့ တုန်တုန်ယင်ယင်။
ဆုံဆည်းနေသည့်အကြည့်နက်နက်တွေထဲ စူးစမ်းရှာဖွေကြည့်တော့ ပျော်ရွှင်ကျေနပ်နေသည့်အရောင်အဝါလေးများကို ခံစားမိလိုက်သည်။ခါးကိုကိုင်းထားရာမှ အရှေ့သို့ပိုတိုးပြီး ပန်းရင့်ရောင်နှုတ်ခမ်းထောင့်ချိုးလေးတစ်ဖက်ကို အသာအယာဖိကပ်ပေးလိုက်သည်။ မိနစ်ပိုင်းမျှကြာအောင်ဖိကပ်ထားရင်းမှ နဂိုထက်ဝိုင်းနေသောမျက်ဝန်းလေးများကို ငေးကြည့်နေလိုက်၏။
ထိုမျက်ဝန်းဝိုင်းလေးမှ အရည်လဲ့လဲတစ်ခုပြုတ်ကျလာချိန်ရောက်မှ ဖိကပ်မှုကိုခွာလိုက်ပြီး ထိုအရည်လဲ့လဲ့လေးကို ပါးပြင်ချင်းပွတ်တိုက်ကာ ဖယ်ရှားစေလိုက်ရင်း
YOU ARE READING
3. NEEDED ( Completed)
Novela JuvenilTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...