အပိုင်း ၅၆
.
.
.
စာသင်ကျောင်းပေါက်မှာပဲ ကားကိုရပ်ထားခဲ့ပြီး တက်ကြွသောခြေလှမ်းများဖြင့် မြင်ချင်လှသောသူထံ အရောက်လှမ်းခဲ့လိုက်သည်။ ပြီးတော့ ကျောင်းအဝင်ဝမှာပဲ ကတ္တီပါနီညိုခြေညှပ်ဖိနပ်လေးကို တစ်ချက်ငုံ့ကြည့်ပြီး သွားဖွေးဖွေးလေးများပေါ်သည်အထိ ပြုံးလိုက်မိ၏။
ဒီခြေလှမ်းတွေကပဲ သူ့ရဲ့နှလုံးသားလေးဆီခေါ်ဆောင်သွားလိမ့်မည်မို့~~~
စာသင်ကျောင်းလေးအတွင်း ခြေချလိုက်မိသည်နှင့် ကြည်နူးမှုကဆတိုး တိုးပွားလာသည်။
မကြာခင် တွေ့ရတော့မည်။
မောင့်ရဲ့ငှက်ငယ်လေးနဲ့~~~~
သို့သော်......
တစ်ဦးတစ်ယောက်ထက်ပိုသော မြင်ကွင်းက မြန်ဆန်နေသော သူ့ခြေလှမ်းတွေကို ရပ်လုနီးနီးအထိဖြစ်သွားစေသည်။
အဖြူအစိမ်းဝတ်စုံလေးဖြင့် တင့်တယ်နေသူအမျိုးသမီးလေးဟာ တစ်ချိန်က သူ့ကို...
အတွေးတို့ကိုမဆက်ရဲစွာဖြင့် ဖြတ်တောက်ပစ်လိုက်ပြီး ခြေလှမ်းမှန်အောင်သာပြန်ထိန်းလိုက်သည်။
သို့ပေမဲ့ ရင်ထဲကကြည်နူးမှုလေးကတော့ အတောင်ပေါက်ပြီး ပျံပြေးသွားခဲ့လေပြီ။
" ပြူးပြဲကြည့်နေတယ်ဆိုတော့ မမှတ်မိတော့ဘူးထင်တယ် "
ရယ်သံစွက်နေသောအသွင်ရိုင်းစကားကို သူတို့နှစ်ဦးစလုံး ကြားလိုက်ရသလားတောင် မထင်မိ။
" အဲ့ဒါဆိုလဲ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပြီး ပြန်စဥ်းစားကြအုံး ။ ငါ သွားတော့မယ် "
သူ့ကို ပြန်ကြည့်လာသောသွန်းမာလာအား ပြုံးပြလိုက်ပြီး ဝေယံအနားကိုတိုးကပ်လိုက်ကာ နှစ်ကိုယ်ကြားအသံဖြင့်
" အချိန်ဆိုတာ ဆွဲလို့ကောင်းတဲ့အရာမဟုတ်ဘူးနော် ဝေယံ "
ပြောပြီး ပခုံးတစ်ဖက်ကို ဆုပ်ကိုင်လာသည့်သွင်လေးအား ဝေယံကြောင်ကြည့်နေမိသည်။
သူ၏ရင်အတွင်းမှာလည်း ဆူညံနေသောရင်ခုန်သံများက အုတ်အုတ်ကျက်ကျက်။
ပခုံးကလစ်ဟာမှုလေးကို ခံစားလိုက်ရချိန်မှာတော့ သူ့ခေါင်းတစ်ခုလုံးချာချာလည်သွားသည်။
မဟုတ်မှ.....
သွင်လေးထင်နေခဲ့တာဟာ...
YOU ARE READING
3. NEEDED ( Completed)
Novela JuvenilTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
