အပိုင်း ၁၆ ( Uni)

5.3K 323 14
                                    

အပိုင်း ၁၆
.
.
.
ခြံကျယ်ကြီးထဲတွင် ထည်ဝါမှုအပြည့်ဖြင့် တည်ဆောက်ထားသော နှစ်ထပ်တိုက်ကြီးက ရှိုင်းဝေယံရဲ့ ခြေထောက်တွေကို ရှိန်စေသည်။အိမ်ထဲလှမ်းဝင်ဖို့ပြင်နေသည့် ခြေဖဝါးတို့ဟာ အိမ်ကြီးအရိပ်အောက်မှာဆိုသောအသိနှင့် တွန့်ဆုတ်လို့နေလေ၏။

"လာလေ..ဝေယံရ။ ဘာလုပ်နေတာလဲ?
ပစ္စည်းတွေက ငါ့အခန်းထဲမှာ။ ငါတစ်ယောက်တည်းမနိုင်လို့ မင်းပါလိုက်ယူရမှာ လာ!"

"အေးပါကွာ မင်းကလဲ ။  အိမ်ကြီးကလှလို့ လိုက်ကြည့်နေတာပါ။ ဒါနဲ့အကြီးကြီးပဲနော်"

နှစ်ယောက်သား အပေါ်ထပ်သို့တက်ရင်း ရှိုင်းဝေယံက သိချင်သလို ပြောလိုက်သည်။ရိုင်းကတော့ ပုံမှန်အတိုင်းမျက်နှာနှင့် မထူးဆန်းသလို။

"ဒီအိမ်ကကြီးသာကြီးတာပါ  မန္တလေးကအိမ်လောက် မလှဘူး။ ဟိုအိမ်ကမှ ဦးတိုင်းကိုယ်တိုင် ဒီဇိုင်းဆွဲပြီးဆောက်ထားတာမို့ ပိုပြီး မိုက်တယ်ကွ"

အနက်ရောင်တောက်တောက်မျက်လုံးလေးတွေက တဖျတ်ဖျတ်လက်လို့၊ ပန်းနုရောင်ထူပြည့်ပြည့်နှုတ်ခမ်းတို့က သဘောတကျရှိနေသလို ပြုံးယောင်ယောင်လေးဖြစ်နေသော သွင်လေးစကားလုံးတွေဟာ သူ့ကို မှင်သက်စေသည်။သူ့စိတ်ထဲမှာလည်း ဦးတိုင်းဆိုသည့်လူကို မြင်ဖူးချင်လာ၏။

"မင်းက ဦးတိုင်း ဦးတိုင်းနဲ့ ခေါ်နေတာ သူက တော်တော်အသက်ကြီးနေလို့လား သွင်လေး?"

"ဘယ်ကလာ သိပ်မကြီးသေးပါဘူး။
ငါနဲ့ ၁၅ နှစ်ပဲကွာတာ.."

ပြုံးစိစိနှင့်ပြောနေသော သွင်လေးရဲ့ခေါင်းကို နောက်ကနေ မမှီမကမ်းလှမ်းရိုက်ရင်း သူပြောလိုက်သည်က

"မင်းမေကြီးတော်ကြီးမကွာတာလားဟ!
၁၅ နှစ်ကြီးတောင်ကွာတာကို အဲဒါတောင် ငါ့မွေးစားအစ်ကိုကြီးလို့ဘာလို့ပြောတုန်း!မွေးစားဦးလေးကြီးလို့ ပြောရမှာကို..."

"အာ...ခွေးကောင် ဝေယံ! နာတာ!...ီးမို့ ငါ့ခေါင်းရိုက်တာလား? ပါးစပ်ကပြောရင်ရပြီကို"

အရိုက်ခံလိုက်ရသော နောက်စေ့ကို ပွတ်ရင်း ဝေယံ့ကို အသွင်ရိုင်း မျက်စောင်းထိုးကြည့်လိုက်သည်။မျက်လုံးကြီးပြူးကာ လက်ညှိုးတထိုးထိုးနှင့် ဝေယံကတော့ သူနှင့်စတွေ့သည့်နေ့ကအတိုင်းပဲ ၊ အခုတစ်ခါကတော့ သူ့ရဲ့အပြုံးကိုကြွေသွားတာမဟုတ်ပဲ သူ့ရဲ့အပြောကို မကျေလည်သွားတာဖြစ်မည်။

3. NEEDED ( Completed) Where stories live. Discover now