အပိုင်း ၆၂ (Uni)

3.1K 134 0
                                        

အပိုင်း ၆၂
.
.
.
မနီးကပ်ပါသော်လည်း မြတ်နိုးရပါသော
မျက်တောင်နက်နက်ကလေးများ၏လှပမှုကိုတော့ အရှင်းသားမြင်နိုင်သည့်အကွာအဝေးမှာ ရှိုင်းဝေယံ လဲလျောင်းနေသည်။
ကုတင်တစ်လုံးစီမှာရှိနေသော်လည်း သူ့အခန်းဟာ ပုံမှန်ထက်နွေးနေခဲ့ပြီး
မြင်နေရရုံ......
အင်း....မြင်နေရရုံနဲ့ သူ့ကမ္ဘာဟာ ပြည့်စုံသည်ထက်ပိုလွန်းနေခဲ့ပါ၏။

🎵အပြုံး.....စွဲလမ်းမိတဲ့ငါ....🎵..အရှုံး....
🎵 တငွေ့ငွေ့နဲ့...ဖွဲမီးလို  🎵...​လိုက်လောင်နေ...ကျွမ်းလောင်နေ...ထွက်သွားခွင့်..ငါလေမပေးခဲ့နိုင် 🎵 ဒီအပြုံး....

အနှောင့်အယှက်!
အဲဲဒီ့အနှောင့်အယှက်က သူမြင်နေရသော မျက်တောင်နက်နက်ကလေးတွေကို ခိုးယူသွားခဲ့သည်။

" ကျွန်တော် လာခဲ့မယ်!! ဦးတိုင်း ဘာကိုမှမတွေးလိုက်နဲ့! !...နော်!!....
"

ဖုန်းပြောရင်း အပေါ်လက်ရှည်အင်္ကျီကို ကပျာကသီထပ်ဝတ်လိုက်သည့် အသွင်ရိုင်း။
မျက်နှာတစ်ခုလုံးဟာ သွေးစုပ်ဖြူလျော့နေပြီး မျက်ဝန်းတွေက အကြောက်တရားတွေဖုံးလွှမ်းနေသည်။

" ကျေးဇူးပြုပြီး မျက်လုံးတွေကိုမမှိတ်လိုက်နဲ့!!....ဦးတိုင်းဆီကို ကျွန်တော်ချက်ချင်းအရောက်လာခဲ့ပေးမှာမို့....."

" သွင်လေး! "

အခန်းပေါက်ဝရောက်နေသောထိုသူဟာ သူ့ခေါ်သံကြောင့်လှည့်ကြည့်လာသည်။

" မနေ့က ငါ့ဆီဖုန်းဆက်တာ ဘာပြောမလို့လဲ? "

ထိုသူက တစ်ချက်တွေဝေသွားပုံရသည်။
ချက်ချင်းမဖြေနိုင်ဘဲ သူ့ကိုသာငေးကြည့်ပြီး မျက်မှောင်ကျုံ့ပြီး စဥ်းစားနေပြန်၏။

" ငါ မေ့သွားပြီ "

တကယ်ကြီး စဥ်းစားမရတော့သလို မျက်နှာမျိုးနှင့် သူ့ကိုငေးကြည့်နေပြီး ပြောလာခဲ့သည်။

" တကယ်မေ့နေတာလား သွင်လေး ? ငါဖုန်းမကိုင်လို့ စိတ်ဆိုးပြီး မေ့တယ်လို့ပြောတာတော့ မဟုတ်ပါဘူးနော် "

" ကျစ်! အဲဲ့ဒါကို နောက်နေ့မှ ဆက်ပြောကြရအောင် ဝေယံ !အခုငါ့မှာ အရေးတကြီးသွားရမှာရှိတယ် "

3. NEEDED ( Completed) Where stories live. Discover now