အပိုင်း ၁ (Uni)

32.8K 1.2K 24
                                    

အပိုင်း ၁
.
.
.
သည်းထန်စွာ ရွာသွန်းနေသော မိုးဒေဝါက
ဘယ်အငြှိုးအတေးကြောင့် ဤမျှလောက်ရွာနေရသည်လဲ?????

သာမန်ဆို တိတ်ဆိတ်ခြောက်ကပ်နေတတ်ပြီး လူသူ အရောက်အပေါက်နည်းသော
သုသာန်တစပြင်သည် ယခုချိန်မှာတော့ မိုးရေများဖြင့် စွတ်စိုနေသည်။

ပုံမှန်အချိန်တွေဆို သုသာန် ဝန်းကျင်တွင်
အသံပေါင်းစုံဖြင့် အော်မြည်နေတတ်ကြသော အကောင်ပလောင်တွေအသံလည်း
အခုလိုမျိုး မိုးရွာနေသော အခိုက်အတန့်မှာတော့ တစွန်းတစပင် မကြားရ။

မှောင်ရီပျိုးစအချိန် ဖြစ်သောကြောင့် အနောက်အာကာယံတစ်ခွင်သို့ ဝင်ရောက်ပုန်းကွယ်တော့မည့် သူရိန်နေမင်းကြီးကလည်း မီးခိုးရင့်ရောင်သန်းနေသော တိမ်လုံး မည်းမည်းကြီးတွေကြောင့် ဘယ်ဆီ ဘယ်ဝယ် ပုန်းခိုနေသည်မသိ...။

တစ်ချက် တစ်ချက် ပြင်းထန်စွာ ရွာချနေသော မိုးစက်မိုးပေါက်တွေကြား ပင့်တိုက်လိုက်သော လေတစ်ဝေ့က သာမန်လူတစ်ယောက်အဖို့ အရိုးထဲစိမ့်ဝင်နိုင်လောက်အောင်ထိ ခံစားရမည်မှာ မလွဲမသွေပင်။

နေဝင်ချိန်လည်းဖြစ် ၊ လူသူ မမြင်နိုင်လောက်အောင်ပင်ရွာချနေသာ မိုးကြောင့် သုသာန်ပတ်ဝန်းကျင်ဟာ မှောင်မိုက်သော ညမှာ အစာရှာ ထွက်​နေသော
မကောင်းဆိုးဝါး တစ်ကောင်လို...
ကြောက်မက်ဖွယ် ကောင်းနေလေ၏။

ထို့နောက်မှာတော့ ကြီးစိုးလာသော အမှောင်ထုကြီးနှင့်အတူ သည်းထန်စွာ အငြှိုးကြီးနေသော မိုးဒေဝါကလည်း တ​ဖြည်းဖြည်းနှင့် မာန်လျှော့လာဟန်။

တဖြည်းဖြည်း ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသော ပုစဥ်းရင်ကွဲများ၏ အော်သံကမူ ကြားရသူအဖို့ ကြက်သီးမွေးညင်းများထကာ ကြောက်ရွံ့စိတ်ကို ဖြစ်ပေါ်စေနိုင်သည်အထိ။

ဒါပေမဲ့...
ဒါပေ​မဲ့ ပေါ့လေ....

အခုလိုမျိုး စိတ္တဇဆန်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြစ်တည်နေသော သုသာန်ရဲ့ တစ်နေရာ။
သေချာသည်ကတော့ လွန်ခဲ့သော တစ်ရက် နှစ်ရက် လောက်က မြှုပ်နှံထားပုံရသည့် လူသေတစ်ယောက်ရဲ့ မြေပုံမို့မို့လေးရဲ့ရှေ့။

3. NEEDED ( Completed) Where stories live. Discover now