အပိုင်း ၃၄
.
.
.
မိုးများတဖွဲဖွဲကျနေသည့် မနက်ခင်းလေးသည် ချမ်းစိမ့်စိမ့်ဖြင့် စောင်ပုံထဲကွေးချင်စရာပင်။ ယခုတွင်လည်း စောင်ဖြူဖြူတွေထဲနစ်ဝင်နေသည့် အဖြူရောင်ကောင်လေးတစ်ယောက်သည် ဘယ်လှိမ့်လိုက်ညာလှိိမ့်လိုက်ဖြင့် စောင်တွေထဲပျောက်လုနီးပင် ဖြစ်နေလေသည်။
" တိုင်းလေးရေ ! ဒီနေ့ဘာနေ့လဲ "
အခန်းတံခါးဝမှ အသံကြောင့် ထိုအဖြူကောင်လေး ခေါင်းထောင်လာသည်။
" မေ့နေတယ် ထင်တယ် "
နောက်တစ်ကြိမ်ကြားရသည့် အသံချိုချိုကြောင့် ထိုကောင်လေးဟာ အိပ်ရာမှအလူးအလဲကုန်းထကာ တံခါးဝကအမျိုးသားလေးဆီသို့ ပြေးသွားသည်။
ကြံရည်ရောင်ရှပ်လက်တိုနှင့် နက်ပြာရောင်ယောပုဆိုးကွက်စိပ်ကို သေသပ်ခန့်ညားစွာဝတ်ဆင်ထားသော ထိုအမျိုးသားဟာ ဘယ်အချိန်ကြည့်ကြည့် ရှင်းသန့်နေတတ်သည်။
" မမေ့ပါဘူး "
ဆိုကာ ထိုရှင်းသန့်နေသောအမျိုးသားလေး၏ပါးပြင်တစ်ဖက်ကို ခြေဖျားထောက်ပြီး နမ်းလိုက်၏။
" မမေ့ရင် မျက်နှာသစ်တော့ ။ ကိုကို ကားပေါ်ကစောင့်နေမယ် "
" ဟုတ် "
ခေါင်းညိတ်ပြပြီး ရေချိုးခန်းထဲပြေးဝင်သွားသော ခေါင်းဖြူလေး။
ရှိုင်းဘုန်းမာန်တစ်ယောက် အနမ်းခံလိုက်ရသည့်ပါးတစ်ဖက်ကိုစမ်းကာ ပြုံးမိသွားသည်။
ဒီကောင်လေး တော်တော်တတ်နေတာ!
ပြန့်ကျဲနေသောစောင်များကို သေချာစွာခေါက်ထားလိုက်ပြီး အခန်းထဲမှပြန်ထွက်လာခဲ့လိုက်သည်။
>>>>>>>>>>>>>>>>>>>>>>>>>
အေးချမ်းသောဘုရားရိပ်သည် သတ္တဝါအားလုံး၏ စိတ်အစဥ်ကိုငြိမ်းအေးစေသည်။ ဘုရားရင်ပြင်တွင် ဘုရားဖူးသူအများအပြားရှိနေပြီး စည်စည်ကားကားဖြစ်လို့နေ၏။
ကြာသပတေးနေ့နံထောင့်တွင် လက်အုပ်ချီပြီးဘုရားဝတ်ပြုနေသောသက်လတ်ပိုင်းအမျိုးသားလေးအား ကောင်လေးတစ်ယောက်ကငေးကြည့်လို့နေသည်။
ခဏကြာတော့ ဘုရားဝတ်ပြုပြီးသွားသည့် အမျိုးသားလေးက သူ့ဘေးနားကကောင်ငယ်လေးကို လှည့်ကြည့်လာကာ
YOU ARE READING
3. NEEDED ( Completed)
Novela JuvenilTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
