အပိုင်း ၃ ( Uni)

13.5K 811 11
                                    

အပိုင်း ၃
.
.
.
အတန်းလိုက်စိုက်ထားသော ပန်းပင်တွေရဲ့ အလယ်မှာ ကျောမှီထိုင်ခုံဖြူလေးအပေါ် တွင် နတ်ဘုရားတစ်ပါး တည်ငြိမ်စွာ ထိုင်နေသည်။

ငွေဖြူရောင်ဆံနွယ်ပျော့ပျော့လေးတွေက ဖြည်းညင်းစွာ တိုက်ခတ်နေသော လေပြည်တွေကြား ဝဲလွင့်နေပုံမှာ ကဗျာမဆန်စွာ လှပနေပြန်ရာ။

နောက်ကျောသာ မြင်နေရသော ထိုလူရဲ့ အသွင်အပြင်က အသွင်ရိုင်းရဲ့ စိတ်ကို အဆုံးစွန်ထိ ဖမ်းစားသွားခဲ့၏။

အဖြူရောင် နတ်ဘုရားတစ်ပါးလား???
အဖြူရောင် နတ်သားတစ်ပါးပေလား???

ခြေချိတ််ထိုင်နေပြီး လက်ထဲတွင်လည်း အဖြူရောင် ကြွေခွက်လေးတစ်ခွက်ကို ဟန်ပါပါ ကိုင်လို့ထားသည်က ကြည့်ကောင်းလွန်းပါရဲ့။

မနက်ခင်း နေရောင်ခြည်မပွင့်တပွင့် အချိန်တွင် အဖြူရောင်နတ်ဘုရားတစ်ပါး coffee ခွက်ကိုင်ကာ ငေးနေပုံလေးက
အသက်ဝင်နေသော ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလွန်းနေသည်။

အနည်းငယ်စောင်းငဲ့လာသလိုဟန် ပြုမူလိုက်တာကြောင့် အသွင်ရိုင်း အသက်ရှူမှားစွာ အိမ်ကြီးဆီသို့ ပြန်လှည့်ထွက်ပြေးလာခဲ့သည်။
ပတ်ဝန်းကျင်ကိုလည်း သတိမထားမိတော့ဘဲ မိမိအခန်းဆီသို့သာ ရောက်အောင် ပြေးလာခဲ့လိုက်၏။

အခန်းထဲ ရောက်သည်နှင့် တံခါးကို ဒိုင်းခနဲ အသံမြည်အောင် ပိတ်ပစ်လိုက်ပြီး
ထိုတံခါးကိုပဲ ကျောမှီထိုင်ချလိုက်တော့သည်။
ထို့နောက် မောဟိုက်နေသော ရင်အစုံကို လက်နှစ်ဖက်ဖြင့် ဖွဖွဖိပြီး အားရပါးရ ပြုံးလိုက်၏။

"ဟား...မောလိုက်တာ..."

အခုန်မြန်နေသော ရင်ဘက်ကို ငုံ့ကြည့်လိုက်ပြီး စကားတစ်ခွန်း ထပ်ဆိုလိုက်သည်။

"မင်း...တအားမခုန်နဲ့..."

မျက်လုံးတွေကို မှိတ်လိုက်ပြီး တံခါးကို ခေါင်းမှီလိုက်သည်။
အတွေးထဲမှာ ပေါ်လာသော အဖြူရောင် နတ်ဘုရားတစ်ပါးကြောင့် နှုတ်ခမ်းတွေ တွန့်ချိုးသွားပြန်၏။

"ကျွန်တော့်နံနက်ခင်းတွေ လှပလိုက်တာ။
ဟူး...တော်သေးတယ်...သူ မမြင်သွားလို့.."

3. NEEDED ( Completed) Where stories live. Discover now