အခန်း(၁)

26.9K 2.5K 139
                                    

Unicode

ချောင်ရှောင်ဟာ သမ်းဝေရင်းနဲ့ဖုန်းမျက်နှာပြင်ပေါ်က ခေါ်ဆိုမှုကြာချိန်ကို ဖျက်ကနဲကြည့်လိုက်တယ်။ သုံးမိနစ်ရှိနေပြီ၊ အသက်ခုနှစ်ဆယ်ထဲရောက်နေပြီဖြစ်တဲ့ သူ့အမေဘက်ကအဖိုးကတော့ ဒေါသတကြီးအော်ဟစ်နေတုန်းပဲ။

" ငါထင်တယ် ၊ အဲ့ဒီအသုံးမကျတဲ့ကောင် မင်းအဖေက နောက်ဆုံးတော့ ရူးသွားပြီပဲ ၊ မင်းကို အဲ့ဒီလိုဆိုးဝါးတဲ့ကျောင်းကို စာသင်ဖို့‌ပို့ရတယ်လို့ ။ တကယ်လို့ သူ့ရဲ့ ချောင်မိသားစုက နောက်ထပ်မတတ်နိုင်တော့ဘူးဆိုရင် မင်း အဖိုးဆီလာလို့ရတယ်။ မင်း နာမည်ကြီးကျောင်းတွေကို ကြိုက်သလိုရွေးလို့ရတယ်။ ပြည်တွင်းမှာပဲ တက်မလား၊ နိုင်ငံခြားမှာတောင်မှ...... "

ချောင်ရှောင်က အခုတလော သူမရေမတွက်နိုင်အောင်‌ပြောထားတဲ့စကားတွေကိုပဲ ထပ်ပြောဖို့တတ်နိုင်တော့တယ်

" အဖိုး၊ အဲဒီ့ကျောင်းကို ကျွန်တော်ကိုယ်တိုင် ရွေးထားတာ၊ ကျွန်တော်ကသာ အဲ့ဒီကျောင်းကို သွားချင်တာပါ "

ရန်ရှောင့်လုံက ခဏရပ်တန့်သွားတယ်၊ သူ့အသံက ကျယ်နေသေးပေမယ့်လည်း ခက်ထန်မနေတော့ဘူး။

" မြေးလေးက ဘာကြောင့်အဲ့လိုဆိုးဝါးတဲ့...အဖိုး ပြောချင်တာက အဲ့လောက်ဝေးတဲ့ကျောင်းကို သွားရတာလဲ "

ချောင်ရှောင်က သေချာ‌နားထောင်ပြီး သူပဲခေါင်းခံလိုက်ရင်း ပြောလိုက်တယ်၊
" ကျွန်တော် ဗေဒင်ဆရာတစ်ယောက်ကိုတွေ့ခဲ့တယ်၊ သူက ကျွန်တော့်ကို 'အနောက်ဘက်မှာဆိုရင် ဒုက္ခရောက်လိမ့််မယ် ဒါပေမယ့် ကံကြမ္မာက အရှေ့ဘက်မှာဆိုရင် ကျောင်းတွေပြောင်းတာက ကြီးမားတဲ့စားသောက်ပွဲကြီးကို ယူဆောင်လာလိမ့်မယ်' ဆိုပြီး ဟောပေးလိုက်တယ် "

ရန်ရှောင့်လုံ: "...."

ချောင်ရှောင်က တိတ်တိတ်လေးထပ်ပြောတယ်၊
" အဖိုး၊ အဖိုးပဲ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ကြိုတင်ပြင်ဆင်တာက မယုံကြည်ပဲနဲ့ နောက်ကျတာထက် ပိုပြီးကောင်းတယ်ဆိုပြီး ခဏခဏပြောနေတာမဟုတ်ဘူးလား "

ရန်ရှောင့်လုံက စိတ်ညစ်သွားတယ်၊
" ရှောင်ရှောင်၊ မင်းက အခုမှ ၁၇ နှစ်ပဲရှိသေးတယ်၊ မင်း အဲ့လိုအယူမသီးသင့်ဘူးလေ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now