အခန်း(၁၂)

9.6K 1.7K 106
                                    

Unicode

ချောင်ရှောင်ဟာ နေ့ခင်းနားချိန်အတွင်းမှာ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်‌နေခဲ့တယ်။

သူ နိုးလာတော့ သူ့ရဲ့နားကြပ်တစ်ဖက်က ကျွတ်နေပြီး သူကတော့ သတိမထားမိဘူး၊ သူ အိမ်မ‌ှာသာဆိုရင်တော့ ချက်ချင်းနိုးပြီးထခုန်တော့မှာပဲ။

ချင်စုက ရေချိုးခန်းထဲမှ ထွက်လာပြီး ပြောတယ်၊
" သွားရအောင်၊ နေ့ခင်းပထမဆုံးအတန်းက ဓာတုဗေဒပဲ၊ အဲ့ဒါကြောင့် ငါတို့တွေ လက်တွေ့ခန်းကိုသွားရမှာ "

ချောင်ရှောင်ဟာ ချက်ချင်းနိုးသွားတယ်၊ သူ သူ့ရဲ့ပါးလေးကိုဖွဖွလေးပုတ်လိုက်ပြီး သူ့နားထဲမှာရှိနေသေးတဲ့ နောက်နားကြပ်တစ်ဖက်ကို ချွတ်လိုက်တယ်၊
" ငါ အရင်မျက်နှာသစ်ပါရစေဦး "

ချင်စုက မေးတယ်၊
" အကူအညီလိုသေးလား "

ချောင်ရှောင်က ခေါင်းခါလိုက်တယ်၊
" ငါ့ဘာသာ လုပ်နိုင်ပါတယ် "

သူ မြန်မြန်အသားကျအောင်လုပ်ရမယ်၊ သူ့ခြေကျင်းဝတ်က ပြန်ကောင်းဖို့ဆိုရင် အနည်းဆုံးလတစ်ဝက်လောက်ကြာဦးမှာ၊ သူ လူတွေကို တစ်ချိန်လုံးအနှောင့်အယှက်မပေးချင်ဘူး။

ချင်စုကလည်း အတင်းမတိုက်တွန်းပါဘူး၊ သူက သူ့စာရေးစားပွဲဆီသွားပြီး အံဆွဲထဲမှမပြီးသေးတဲ့ အစမ်းစာမေးပွဲမေးခွန်းလွှာတွေအကုန်လုံးကိုသိမ်း၍ သန့်ရှင်းရေးလုပ်နေလေတယ်။

ချောင်ရှောင်ဟာ သူ့ဖုန်းကိုခေါင်းအုံးအောက်သို့ထိုးထည့်လိုက်တယ်၊ စောင်ခေါက်ပြီးတဲ့နောက်မှာတော့ သူ ခေါင်းအုံးက ‌လှုပ်သွားတယ်လို့ခံစားလိုက်ရတယ်။

သူ့ဖုန်းကများလား?

" ငါ့မှာ နောက်ဆုံးစာသင်နှစ်ဝက်ကာလရဲ့ ရူပဗေဒမှတ်စုတွေရှိတယ်၊ မင်း အဲ့ဒါတွေကိုကြည့်ချင်လား "
ချင်စုက သူ့ကိုမေးတယ်။

ချောင်ရှောင်ဟာ သူ့ဖုန်းကိုချက်ချင်းမေ့သွားပြီး အမြန်ပြောလိုက်တယ်၊
" အင်း အင်း ကျေးဇူးပြု၍ "

ချင်စုက စာအုပ်စင်မှ သပ်ရပ်သန့်ရှင်းတဲ့စာတွဲအိတ်ကို ထုတ်ယူလိုက်တယ်၊ အထဲမှာတော့ သေသပ်တဲ့ A4 စာရွက်အထပ်လိုက်နဲ့။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now