အခန်း(၂၂)

8K 1.6K 69
                                    

Unicode

ချောင်ရှောင်က ခေါင်းထောင်ကာ ကြောက်ရွံ့နေသည့်မျက်နှာထားနဲ့သူ့ကိုကြည့်လိုက်တယ်၊
" မင်း အခုထိမနိုးသေးဘူးလား "

သူ အဲ့လိုပြောခဲ့သော်လည်း ဟော့ရှန်က‌တော့ ရှက်ရွံ့မနေပေ၊ သူက သမ်းဝေပြီး ပြောလေတယ်၊
" ငါက မင်းကိုအမွှမ်းတင်နေတာ "

ချောင်ရှောင်မှာ သူ့ကိုအနည်းငယ်‌ကျင့်သားရနေပြီဖြစ်တာကြောင့် သူ့ကိုတောင် ပြန်ပက်လိုက်လေတယ်၊
" အဲ့တော့ ငါက မင်းကိုကျေးဇူးတင်ရမှာလား "

" ကျေးဇူးတင်ဖို့မလိုပါဘူး "
ဟော့ရှန်ရဲ့စူးစိုက်နေသည့်အကြည့်မှာ သူ့မျက်နှာပေါ်တွင်ရှိနေဆဲ၊
" မင်းကတကယ်ပဲကြည့်ကောင်းတယ်ဆိုတာကို ငါအခုမှသိသွားတာ၊ မင်းမျက်လုံးတွေသာ နည်းနည်းပိုကြီးသွားရင် မင်းကကြည့်မကောင်းတော့ဘူး၊ နည်းနည်းပိုသေးသွားရင်လည်း ခပ်ဆိုးဆိုးပုံပေါက်သွားရော၊ မင်းနှာခေါင်းနဲ့ပါးစပ်လေးကတော့ ကြည့်ကောင်းပါတယ်... "

အထူးသဖြင့် သူ့အသားအရေလေးက တို့ဟူးဖြူဖြူလေးနဲ့ဆင်တူတာပဲ။

ချောင်ရှောင်မှာ ထပ်ပြီးနားမထောင်နိုင်တော့ကာ ဘောပင်နဲ့သူ့လက်မောင်းကို ထိလိုက်တယ်၊
" ခင်မင်ရင်းနှီးမှု သတိပေးချက်၊ ငါက ယောက်ျားလေးတစ်ယောက်ကွ "

ဟော့ရှန် : " အင်းလေ၊ မင်းသာမိန်းကလေးဆိုရင် မင်းက ကောင်လေးတွေအားလုံးကို လုံးဝရူးသွပ်သွားစေမှာပဲ "

ချောင်ရှောင်မှာ ဒေါသထွက်သွားလေရဲ့၊
" ငါက ယောက်ျားလေးကွ! ငါက ခန့်ညားတယ်ဆိုပြီး ဖြစ်ရမှာမဟုတ်ဘူးလား! "

" အဲ... "
ဟော့ရှန်က တုံ့ဆိုင်းသွားလေ၏။

‌ချောင်ရှောင်က သူ့ကိုအလွန်ခက်ထန်စွာစိုက်ကြည့်နေလေတယ်။

ဟော့ရှန်က ‌ပြုံးလိုက်လေတယ်၊ သူက ခုံစောင်းအောက်တွဲလျားချထားသည့် သူ၏ရှည်လျားသည့်လက်ကိုမြှောက်ကာ ချောင်ရှောင်ရဲ့ခေါင်းကို ဖွဖွလေးပုတ်လိုက်တယ်၊
" မင်း ငါ့အရပ်လောက်ရောက်ရင် မင်းက အရှေ့အထက်တန်းကျောင်းရဲ့အခန့်ညား‌ဆုံးချာတိတ်လေးဖြစ်လာလိမ့်မယ် "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now