အခန်း(၂၉)

7.6K 1.4K 206
                                    

Unicode

ဒါက ဘယ်ကိုသွားနေတာလဲ။

ဟော့ရှန်က သူ့လက်ကို လှန်ပြီးပြန်လည်ဆုပ်ကိုင်လိုက်တယ်၊ သူက ချော့မော့လိုက်ကာ၊
" ငါထွက်မသွားဘူး၊ ငါဘယ်ကိုမှမသွားပါဘူး "

မူလတည်းက သူ့အသံဟာ သူနှင့်ရွယ်တူ‌တွေထက် ပိုပြီးနိမ့်တယ်၊ ညလယ်ခေါင် သည်အချိန်မှာတော့ အားကောင်းသော‌ချမ်းမြေ့ဖွယ်စွမ်းအားနှင့်အတူ တယောအကြီးတစ်ခု၏သိမ်မွေ့သည့်စည်းချက်ကျကျတီးခတ်သံနှင့် ပိုတူလှတယ်။

ချောင်ရှောင်မှာ နည်းနည်းတော့တည်ငြိမ်သွားတယ်၊ သူ့မျက်လုံးများမှာ အနည်းငယ်ငေးနိုင်နေသေးသော်လည်း ခုနတုန်းကလိုတော့ ကြောက်လန့်မနေတော့ဘူး။

" ငါ... "
သူက တစ်ခုခုကိုပြောရန်ကြိုးပမ်းနေရင်း တီးတိုးပြောလာတယ်။

ဟော့ရှန်ဟာ သူ့အသံထဲမှ အက်ကွဲနေမှုကို ကြားတော့၊
" မင်း ရေနည်းနည်းလောက‌်သောက်ချင်လား "

ချောင်ရှောင်က သူ့အင်္ကျီအနားစကို တင်းတင်းဆုပ်ကိုင်ကာ သူ့ခေါင်းကို ခါရမ်းပြလိုက်တယ်၊
" ဟင့်အင်း "

ဟော့ရှန်က ပြုံးလိုက်ကာ သူ၏‌အောက်ကိုကြည့်နေသည့်မျက်လုံးများတွင်တော့ နူးညံ့မှုအပြည့်ဖြင့်၊
" ကောင်းပြီ၊ ဒါဆို ငါတို့ပြန်အိပ်ကြမလား "

" အမ် "
ချောင်ရှောင်ဟာ ဆန္ဒမရှိသည့်ပုံပေါ်နေဆဲ တိုးတိုးလေးပြန်ဖြေလာတယ်။

ဟော့ရှန်ဟာ သူ့ဖိနပ်တွေကိုချွတ်ကာ အိပ်ရာ‌ဝင်လိုက်တယ်၊ သူ့ညာဘက်လက်ကို သူ့ခေါင်းအားထောက်ထားပြီး သူ့ဘယ်ဘက်လက်မှာ ချောင်ရှောင်ကို ညင်သာစွာ ဖွဖွလေးပုတ်ပေးလို့နေတယ်၊
" အိပ်တော့ "

အမှန်တော့ ချောင်ရှောင်ဟာ လုံးဝနိုးမလာနိုင်ပေ၊ သူက သူ့ဘေးကတစ်စုံတစ်ယောက်၏အနွေးဓာတ်ကို ခံစားနေရကာ တစ်ဖက်လူ၏ အသက်ရှူသံဖျော့ဖျော့ကိုလည်း ကြားနေရတာကြောင့် အိမ်မက်ကမ္ဘာထဲကို ဖြည်းဖြည်းချင်းကျဆင်းသွားလေ၏။

ဟော့ရှန်က ဘာမှထပ်မပြောတော့ပေ၊ သူဟာ မှိန်ပြပြလရောင်အောက်မှာ အိပ်ပျော်နေသည့်ကောင်လေးကိုပဲ ကြည့်နေခဲ့တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now