အခန်း(၃၇)

8K 1.5K 146
                                    

Unicode

ဒါအဆုံးသတ်ပဲ! နောက်ဆုံးနိဂုံးချုပ်ကြီးပဲ!

ရှောင်းကောက ချောင်ရှောင်ကို လိုက်နေတာလား။

မဟုတ်သေးဘူး မဟုတ်သေးဘူး မဟုတ်သေးဘူး၊ ဖြစ်နိုင်ချေအရှိဆုံးက သူတို့က အတူတူရှိနေကြလောက်ပြီ!

ထိုအတင်းစကားဖြစ်ထိုက်သည့် အကြောင်းအရာလေးကပင် ဝေ့ကျားယွီကို သူ့ဂိမ်းကစားရာတွင် စိတ်ဝင်စားမှုအားလုံးပျောက်ဆုံးသွားစေရန် လုံလောက်နေပြီ။

လတ်စသတ်တော့ ရှောင်းကောက နှစ်ဖက်ချွန်ကိုး!

သေချာပါပြီ! သူက သာမန်လူတစ်ယောက်မှမဟုတ်ဘဲ...

အကြောင်းကြောင်‌း‌ကြောင့် ဝေ့ကျားယွီဟာ လော့‌ရှောင်းကို အလွန့်အလွန်အကောင်းမြင်‌တယ်၊ ဒါကြောင့် လော့ရှောင်းလုပ်သမျှကိုမိုက်သည်ဟု သူကထင်နေခြင်း။

မှန်တာပေါ့၊ အခုလို လိင်တူတွဲတာတောင်မှ မိုက်နေတုန်းပဲ!

ထိုကြီးလေးသည့်တာဝန်ကြီးကိုအပ်နှင်းခံထားရသည့် ဝေ့ကျားယွီဟာ ဒီအတိုင်း လွယ်လွယ်ကူကူအချိန်ထပ်မဖြုန်းနိုင်တော့။

သူက ဆောင်ရွက်ရမည့်နည်းလမ်းတွေကို တွေးကာ ပစ္စည်းတွေတစ်ပုံတစ်ခေါင်းကြီးဝယ်ရန် ကျောင်းက‌ထွက်သွားတော့တယ်၊ သူဟာ အဆောင်ခန်းခေါင်းဆောင်ဂုဏ်ပုဒ်အတွက် ယှဉ်ပြိုင်ရန် ပြန်မသွားခင် ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်ကို ‌စောင့်နေခဲ့တယ်။

ချောင်ရှောင်နှင့်ချင်စုတို့ အိပ်ခန်းကိုပြန်ရောက်သည့်အချိန် သူတို့နှစ်‌ယောက်လုံးဟာ အဲဒီ့မှာ ဆံပြာကိုတွေ့လိုက်ရသည့်အတွက် အံ့ဩသွားကြတယ်။

မင်းတို့သိသင့်တာက ပုံမှန်ဆိုရင် သည်ကောင်က အိပ်ချိန်‌ရောက်တဲ့အထိ ဘယ်တုန်းကမှပြန်လာတာမဟုတ်ဘူး။

လိမ္မာယဉ်ကျေးသည့်ကောင်ကလေးဖြစ်တဲ့ ချောင်ရှောင်က သူ့ကိုနှုတ်ဆက်လိုက်ပါတယ်။

ဆံပြာက သူ့ကိုအထက်အောက် စုန်ချည်ဆန်ချည်ကြည့်လာကာ မျက်နှာထားတင်းတင်းဖြင့် နှာမှုတ်လာလေ၏။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now