အခန်း(၁၂၀) - ဆယ်နှစ်ကြာပြီးနောက်(၃)

6.2K 1.2K 29
                                    

Unicode

ချောင်ရှောင် အမြန်လှဲချလိုက်ပြီး မကြာခင်မှာပဲ အိပ်မောကျသွားတော့တယ်။

တကယ်ပဲ အညှီအဟောက်အိမ်မက်ကြီး ဖြစ်နေတော့မှာလား?

ချောင်ရှောင် သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ သူ့ကိုယ်သူ အကျွမ်းတဝင်မရှိပေမယ့် ရင်းနှီးတဲ့အခန်းတစ်ခုထဲ ရောက်နေမှန်း သိရှိလိုက်ရတယ်၊ သူ့နှလုံးသားက တင်းကျပ်သွားရပြီး သူ့ရှေ့မှ အဖြစ်မှန်ကြောင့် ထိတ်လန့်တုန်လှုပ်နေမိတယ်...

အင်မတန်တိတ်ဆိတ်ပြီး စိတ်လေးဖွယ်ရာပတ်ဝန်းကျင်၊ စူးရှတောက်ပပြီး အလင်းရောင်ဖြာထွက်နေတဲ့ မီးသီး၊ ထောင့်နားမှာရှိတဲ့ ဟောင်းနွမ်းနေတဲ့ စားပွဲနဲ့ကုလားထိုင်၊ ဒါ့အပြင် စုပုံထားတဲ့ ရေဘူးတွေနဲ့ ဖိသိပ်ထည့်ထားတဲ့ ဘီစကွတ်တွေ။

ချောင်ရှောင် ခပ်ဖွဖ‌ွ ပင့်သက်ရှိုက်လိုက်တယ်၊ ဟော့ရှန်ကို အဓိပ္ပာယ်မရှိတဲ့ အညှီအဟောက်တွေကိုပဲ အိမ်မက်မက်စေချင်တော့တယ်။

သူက ဟော့ရှန်ရဲ့အိမ်မက်ထဲမှာ၊ ဟော့ရှန်ရဲ့အိမ်မက်ထဲက အခန်းထဲကိုရောက်နေတာ။

ဟော့ရှန်က ဒီနေရာကို သေချာပေါက်မရောက်ဖူးပေ၊ ဒါပေမဲ့ ပစ္စည်းအတော်များများကို အမှုကိုကိုင်တွယ်ဖြေရှင်းတုန်းကလိုမျိုး မူလအခြေအနေအတိုင်း ထိန်းသိမ်းထားလျက်ရှိတယ်၊ သူက ပတ်ဝန်းကျင်ကို ဓာတ်ပုံတွေမှတဆင့် ပုံစံတူအောင် ဖန်တီးထားပုံရတယ်၊ ချောင်ရှောင် ဖြည်းဖြည်းချင်း ထရပ်ကာ သူ့ပတ်ဝန်းကျင်ကို ကြည့်ရအောင် သူ့ခြေထောက်တွေကိုချည်နှောင်ထားတဲ့ သံကြိုးတွေကို တရွတ်တိုက်ဆွဲသွားလိုက်တယ်။

အရမ်းကိုသဘာဝကျတယ်၊ တကယ့်အစစ်အမှန်လိုပ‌ဲ၊ သူ့အသိစိတ်ကိုသာ လုံးဝထိန်းမထားဘူးဆိုရင် သူ အတိတ်ကိုပြန်ရောက်သွားပြီလို့ တွေးမိလုနီးပါးပဲ။

အဲ့ဒီအချိန်မှာ တံခါးပွင့်လာခဲ့ပြီး အမျိုးသမီးဝင်လာတဲ့အခါ ချောင်ရှောင်ရဲ့ဦးရေပြားတွေ ထုံထိုင်းသွားတော့တယ်။

ကံကောင်းလို့ပေါ့... သူ ဒါကိုလွှတ်ချပြီးဖြစ်လို့ မကြောက်တော့ဘူး။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now