အခန်း(၄၀)

7.5K 1.5K 168
                                    

Unicode

ချင်စုက ချောင်ရှောင်ကို ရုတ်ခြည်းလှည့်ကြည့်လာတယ်။

ချောင်ရှောင်၏ဒူးတွေပင် ခွေကျသွားကာ သူ့မှာ မတ်တပ်မရပ်နိုင်တော့။

အခု ငါဘာလုပ်ရတော့မတုန်း။

သူကျင့်သားရအောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရသည့် အထက်တန်းကျောင်းဘဝလေးက အခုတော့ သွားပါပြီ...

သူ့မှာ စာမေးပွဲအပြင်အဆင်နဲ့တောင် အသားကျအောင်မကိုင်တွယ်နိုင်သေးဘူး၊ ရလဒ်ကောင်းတွေရဖို့ သူကျရှူံးခဲ့တယ်၊ ပြီးတော့ လွတ်မြောက်ဖို့ ကျရှုံးခဲ့တယ်...

မဟုတ်ဘူး၊ သူအဆင်ပြေတယ်၊ သူက အဆင်ပြေပါတယ်၊ အဆိုးဆုံးမှ သူက ကျောင်းတွေပြောင်းလိုက်ရုံပဲ၊ ဒါပေမယ့် ချင်စုကရော။

သူ့ယုံကြည်မှုကို တည်ဆောက်ဖို့ဆိုတာ လွယ်မှမလွယ်ကူခဲ့ဘဲ၊ အခက်အခဲတွေအများကြီးပြီးမှ သူတည်ဆောက်ခဲ့နိုင်သည့် သူငယ်ချင်းဆက်ဆံရေးက သူ့လိမ်ညာလှည့်ဖြားခြင်းကြောင့် အဆုံးသတ်သွားတော့မှာလား။

ပြီးတော့ ဟော့ရှန်...

ချောင်ရှောင်မှာ ရေခဲတမျှအေးစက်နေလို့၊ အကြောက်တရားကို ပယ်ဖျောက်ရန် ဒီလောက်ခက်ခဲတယ်လို့ သူခံစားလိုက်ရတယ်။

ရရှိဖို့၊ ဆုံးရှုံးဖို့။

ယုံကြည်မှု၊ သစ္စ‌ာဖောက်မှု။

တစ်လျှောက်လုံး သူ့အချုပ်အနှောင်တွေကနေ သူမလွတ်မြောက်နိုင်‌သေးဘူးပဲ။

သူ့အိပ်ရာပေါ်မှ ဝေ့ကျားယွီကတော့ မတူညီသည့်အတန်းမှဖြစ်တာကြောင့် Group Chat ၏မှတ်ချက်တွေကို မတွေ့နိုင်ပေ၊ သူက စပ်စုစွာ မေးလိုက်တယ်၊
" သူတို့ သူ့ကိုရှာတွေ့သွားပြီလား၊ ဘယ်သူတဲ့လဲ "

ချင်စုဟာ စိတ်ရှုပ်ထွေး‌နေသည့်မျက်နှာထားနှင့် တီးတိုးပြောလာတယ်၊
" ချောင်ရှောင်...အဲ့ဒါ မင်းလား "

ချောင်ရှောင်မှာ အလွန်စိတ်တင်းထားရတာကြောင့် စကားတစ်ခွန်းမှမပြောနိုင်။

နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည့် ဝေ့ကျားယွီဟာ အံ့အားသင့်သွားလေ၏၊
" အာ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now