အခန်း(၉၂)

6.8K 1.3K 64
                                    

Unicode

ဒီအခိုက်အတန့်မှာ ရှဲ့ချင်နောင်တရမိသွားတယ်။

ဟော့ရှန်ကိုပြန်ခေါ်လာမိလို့ သူမနောင်တရတယ်၊ ဟိုခွေးမက အမှန်ပင်ရွံမုန်းစရာကောင်းပေမယ့် သူမရှေ့ကဆယ်ကျော်သက်ကတော့ သူမကိုလေးနက်တဲ့ကြောက်ရွံ့မှုမျိုးပေးတယ်။

မဟုတ်ဘူး ... ရှဲ့ရှန်ပြန်လာမှဖြစ်မယ်၊ သူဒီမှာရှိနေသရွေ့ အနည်းဆုံး ရှဲ့မိသားစုက အားလျော့သွားမှာမဟုတ်ဘူး၊ ရှဲ့မိသားစုပြိုလဲမသွားသရွေ့ တခြားဘာကမှ သူမအတွက်အရေးမကြီးဘူး။

စကားအနည်းငယ်ပြောရုံနဲ့ အရူးအိုကြီးကို ဟော့ရှန်ချော့မော့နိုင်ခဲ့တယ်၊ သူ့ရဲ့နူးညံ့ညင်သာမှုကြောင့် ရှဲ့ရုံယိရဲ့မှုန်ဝါးဝါးမျက်လုံးတွေက အံ့အားသင့်ဖွယ်တောက်ပခြင်းတို့နဲ့ ရုတ်ခြည်းလျှံထွက်လာတယ်၊ သူက ဟော့ရှန်လက်ကိုကိုင်လို့ ပြောတယ်၊
" ရှောင်ရှန်၊ အဖိုးရဲ့ရှောင်ရှန်လား "

ဟော့ရှန် သူ့နှလုံးသားထဲကရွံရှာမှုတွေကို ချုပ်တည်းပြီး တိုးတိုးလေးပြန်ပြောလိုက်တယ်၊
" ကျွန်တော်ဒီမှာပါ "

ရှဲ့ရုံယိက စိုးရိမ်တကြီး ပြောလာတယ်၊
" မင်းဘယ်တွေရောက်နေတာလဲ၊ အဖိုးမင်းအတွက်စီစဉ်ပေးထားတဲ့စာအုပ်‌တွေအကုန်ဖတ်ပြီးပြီလား၊ စာချုပ်နဲ့ကုမ္ပဏီရဲ့စည်မျဉ်းတွေကိုရော ဖတ်ပြီးသွားပြီလား ... "

ဟော့ရှန်ကပြောတယ်၊
" စိတ်ချပါ၊ ကျွန်တော်အကုန်ဖတ်ပြီးသွားပါပြီ "

ရှဲ့ရုံယိက ချက်ချင်းပြောလာတယ်၊
" အကုန်အလွတ်ကျက်ပြီးသွားပြီလား၊ မင်းနားလည်လား၊ အဖိုးမင်းကိုစစ်ဆေးကြည့်မယ် ... "

အချိန်အတော်ကြာအောင် သူ့ရဲ့ရှုပ်ထွေးနေတဲ့စိတ်အစဉ်က သူဘာကိုစစ်ဆေးချင်သလဲဆိုတာ မတွေးနိုင်တော့ဘူး၊ ဟော့ရှန်က သူကြားချင်တဲ့အရာကို သဘောပေါက်လိုက်ပြီ၊
" ကျွန်တော် စီမံခန့်ခွဲမှုဆိုင်ရာအချက်အလက်နည်းစနစ်များ ဆိုတဲ့စာအုပ်ကို မူရင်းအင်္ဂလိပ်အဆိုနဲ့ယှဉ်ကြည့်လိုက်တော့ တရုတ်ဘာသာပြန်မှာ မူရင်းကိုနားလည်မှုလွဲနေတဲ့အပိုင်း‌တွေအများကြီးရှိနေတယ်လို့ ကျွန်‌တော်ထင်တယ် "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now