အခန်း(၁၀၀)

7.1K 1.4K 86
                                    

Unicode

ချောင်ရှောင်မှာ ဒါကအတော်လေးမှော်ဆန်တယ်လို့ ခံစားလိုက်ရတယ်၊
" ငါမင်းကို မသိစိတ်ကမှတ်မိနေသေးတယ်လို့ မင်းထင်လား "

ဟော့ရှန်နဲ့ဆုံတွေ့ရခဲ့တာကြောင့် ရှဲ့မိသားစုအိမ်မှာဖြစ်ပျက်ခဲ့တဲ့ အစအနနဲ့အပိုင်းအစလေးတွေက သူ့ဆီပြန်ရောက်လာခဲ့တယ်၊ သူ့ကိုမမှတ်မိခဲ့ရင်တောင် သူ့အသိစိတ်ရဲ့အနက်ရှိုင်းဆုံးအစိတ်အပိုင်းက သူဟာ သူ့မေမေကို လီလီပန်းလေးပေးချင်ခဲ့တဲ့ အဲ့ဒီသနားစရာကလေးလေးဆိုတာ သိနေတယ်။

ဟော့ရှန်နှလုံးသားထဲက ခံစားချက်က ဖော်ပြရခက်နေတယ်၊ သူပြောလိုက်တယ်၊
" ဖြစ်နိုင်ပါတယ် "
အဲ့ဒီအချိန်ကတည်းက ချောင်ရှောင်က သူ့ကိုကူညီပေးခဲ့တယ်ဆိုတာ ဘယ်သူတွေးမိမှာတဲ့လဲ?

ချောင်ရှောင်မှာ ဒါကိုသူ့စိတ်ထဲကမထုတ်နိုင်သေးဘဲ မေးလိုက်မိတယ်၊
" မင်းမေမေက ဘာဖြစ်ခဲ့တာလဲ "

အခြေအနေတွေက ဒီလောက်အထိရောက်နေပြီ‌ဆိုမှတော့ ဖုံးကွယ်ထားစရာအကြောင်းမရှိတော့ဘူး၊ တစ်ချိန်က ဒီအကြောင်းအရာတွေကို ဘယ်သူ့ကိုမှပြောပြနိုင်တော့မှာမဟုတ်ဘူးလို့ ဟော့ရှန်တွေးခဲ့ဖူးတယ်၊ ဒါပေမဲ့ အခု သူ ချောင်ရှောင်ကိုပြောပြနိုင်သွားပြီ၊ ဒီကမ္ဘာမှာ ချောင်ရှောင်တစ်ဦးတည်းကပဲ စိတ်ရင်းမှန်ဖြင့် သိလိုတဲ့သူဖြစ်နိုင်တာကြောင့် ဟော့ရှန် သူ့ကို အားလုံးပြောပြချင်မိတယ်။

ဟော့ရှန်ကပြောတယ်၊
" ဒီကိုလာ "

သူတို့ ကြိမ်ကုလားထိုင်တွေပေါ်မှာ ထိုင်လိုက်ကြတယ်၊ ဟော့ရှန်က ပန်းအိုးအလွတ်ကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောပြလိုက်တယ်၊
" ကိုယ့်မေမေက မိဘမဲ့တစ်ယောက်၊ သူမက အိမ်မက်ထဲမှာပျော်မွေ့နေပြီး နိုးလာတဲ့အခါကျ ဒီခြံဝင်းထဲမှာပဲ တစ်သက်လုံးပိတ်မိနေခဲ့တယ် "

ဟော့ရှန်ရဲ့မိခင်ဖြစ်သူ ဟော့ရွေက ကလေးဘဝကတည်းက စွန့်ပစ်ခံခဲ့ရတယ်၊ သူမက မိဘမဲ့ဂေဟာမှာကြီးပြင်းလာခဲ့ပြီး သူမရဲ့ပညာရေးကို ရှဲ့မိသားစုက ထောက်ပံ့ပေးခဲ့တယ်၊ သူမက အင်မတန်ထူးချွန်လှပါတယ်၊ ကျောင်းစတက်ပြီဆိုကတည်းက အမြဲတမ်း ပထမနေရာရခဲ့ပြီး နောက်ပိုင်းမှာ သူမက ပြည်တွင်းရှိထိပ်တန်းကျောင်းကို ဝင်ရောက်နိုင်ခဲ့တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now