အခန်း(၃၆)

7.6K 1.5K 141
                                    

Unicode

စကားပြောနေရင်းနဲ့ ချောင်ရှောင် သူ့အင်္ကျီကိုချွတ်လိုက်နိုင်သွားကာ ဆယ်ကျော်သက်လေး၏သေးသွယ်သည့်ကိုယ်လေးမှာ ညနေခင်းနေ၏တောက်ပသောနေရောင်နှင့်ထိတွေ့နေတော့တယ်။

ဟော့ရှန်၏လည်စလုတ်မှာ အထက်အောက်လှုပ်ရှားသွားတယ်။

ချောင်ရှောင်က သူ့ကိုခေါ်လာတယ်၊
" ဟော့ရှန်? "

ဟော့ရှန်က ရုတ်ခြည်းမော့ကြည့်လိုက်ကာ သူ့မျက်လုံးများကို ချောင်ရှောင်၏မျက်နှာပေါ်မှာပဲ ခိုင်ခိုင်မာမာ ကျောက်ချထားလိုက်တယ်၊
" အမ် "

ချောင်ရှောင်က ပြောလာတယ်၊
" ဘာလို့ မင်းအဝတ်အစားတွေကို မချွတ်သေးတာလဲ "

ဟော့ရှန် : " ... "

" မပူဘူးလား "
ချောင်ရှောင်က ပြောလိုက်တယ်၊
" မင်းနောက်ကျောက လုံးဝစိုရွဲနေတာ ငါတွေ့တယ်၊ မင်းအမြန်ရေချိုးသင့်တယ် "

ဟော့ရှန် ညင်သာစွာအသက်ရှူကာ သူ့အသံကို မှန်မှန်တည်ငြိမ်အောင်ထိန်းလိုက်ရတယ်၊
" မင်းအရင်ချိုးနှင့်၊ ငါပြီးမှချိုးလိုက်မယ် "

ချောင်ရှောင် : " ငါတို့အတူချိုးလို့ရပါတယ်ကွ၊ အဲ့ထဲမှာ တကယ်နေရာကျယ်တယ် "

အဆင့်မြင့်အဆောင်ခန်းတွေရဲ့ နောက်ထပ်ထူးခြားမှုတစ်ခုပါပဲ။

ဟော့ရှန် သူ့မျက်လုံးများကိုမှိတ်ကာ ပြောလိုက်တယ်၊
" အလျင်လိုစရာမလိုဘူး၊ နောက်ဆုံးချိန်က အ‌ထွေထွေသန့်ရှင်းရေးပဲ၊ ငါသွားသွား မသွားသွား ကိစ္စမရှိဘူး "

ယနေ့က အင်္ဂါနေ့ဖြစ်ကာ ရှစ်အချိန်မှာ အထွေထွေသန့်ရှင်းရေးချိန်ပင်။

ထိုအခါမှ ချောင်ရှောင် သဘောပေါက်သွားတယ်၊
" အာ၊ ဟုတ်သားပဲ၊ အတန်းမရှိဘူးကိုး "

ဟော့ရှန် : " ဟုတ်တယ်၊ ဒါကြောင့် မင်းအရင်ချိုးလိုက်၊ မင်းချိုးပြီးမှ ငါချိုးမယ် "

ချောင်ရှောင် : " ဒါဆို ငါအရင်ချိုးလိုက်မယ်၊ အတန်းချိန်မရှိပေမယ့်လည်း ငါသန့်ရှင်းရေးဝင်လုပ်ရမယ် "

သူန‌ှင့်ချင်စုက နှစ်ယောက်တစ်တွဲ တွဲထားကြပြီး ချင်စုကို သူ့ဘာသာသူသန့်ရှင်းရေးလုပ်ရန်ထားခဲ့လို့မဖြစ်၊ သူ သူ့ကိုကူညီရန်အမြန်ပြန်သွားရမယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now