အခန်း(၆၈)

6.5K 1.3K 64
                                    

Unicode

သူ၏တုန်ယင်နေသည့်လက်တွေကိုအတတ်နိုင်ဆုံးတည်ငြိမ်စေပြီးနောက် တစ်ခဏကြာပြီးမှ သူ WeChat မက်ဆေ့ရှ်တစ်စောင်ပို့နိုင်တော့တယ် -

" မင်းတစ်ညလုံးမအိပ်ဘူးလား "

သူပြန်ဖြေလာမယ်လို့ဟော့ရှန်မျှော်လင့်မထားသော်လည်း သူမက်ဆေ့ရှ်ပို့လိုက်သည်နှင့် အသံဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာလေ၏။

ချောင်ရှောင်တွန့်ဆုတ်နေမိပြီး သူသတိပြန်လည်လာချိန်မှာ ဖုန်းခေါ်ဆိုမှုက ချိတ်မိပြီးနေပြီ။

ဟော့ရှန်၏အသံက ဖုန်းကတစ်ဆင့် သူ့နားထဲဖြတ်ဝင်လို့လာတယ်၊
" ဒီ‌နေ့ကပိတ်ရက်လေ၊ မင်းဘာလို့အိပ်မနေတာလဲ၊ ငါမင်းကိုနှိုးလိုက်မိတာလား "

WeChat မက်ဆေ့ရှ်တွေမှာ သူ၏နောက်ပြောင်သည့်လေသံဖြင့်အဆုံးသတ်ထားကာ၊ သူ၏အသံအောအောက အခန်းတစ်ဝိုက်ပျံ့လွင့်နေသောဂီတသံထက်ပင် ပိုပြီးသာယာလို့နေတယ်။

ချောင်ရှောင်ပြောလိုက်တယ်၊
" ငါ ... "

စကားလုံးတစ်လုံးမျှသာပြောပြီးနောက် သူမွန်းကျပ်လာကာ‌စကားပင်မပြောနိုင်တော့။

ရှင်းမပြနိုင်‌သည့်ခံစားချက်တွေက သူ့ရင်ဘတ်ထဲပြည့်သိပ်လို့နေကာ ဒီအခိုက်အတန့်တွင် သူဟာ နယ်နိမိတ်တစ်ခု၏အစွန်အဖျားပေါ်တွင်ရပ်နေရသကဲ့သို့ပင်၊ အနောက်မှာအဆုံးမရှိ‌သောအသူရာချောက်နက်ကြီးတစ်ခုရှိနေကာ ရှေ့တည့်တည့်မှာတော့ အကန့်အသတ်မရှိသောလင်းရောင်ခြည်တွေ၊ သူရှေ့ကိုလျှောက်လှမ်းချင်သော်လည်း သူ့ခြေထောက်တွေက ကပ်ငြိနေကာ သူတစ်ချက်လေးပင်မရွှေ့နိုင်တော့။

ဟော့ရှန်၏အသံက အနည်းငယ်မြင့်တက်သွားကာ၊
" ဘာဖြစ်လို့လဲ "

ချောင်ရှောင် တုန်ရီနေသောအသံနှင့်ရှိုက်ငိုလိုက်တာကို သူကြားလိုက်ရတယ်လေ။

ချောင်ရှောင်မပြောနိုင်သော်လည်း ဖုန်းချပစ်လိုက်ရန်စိတ်မပါနေခဲ့ပေ။

ဟော့ရှန်က သူ့ကိုမေးလို့လာတယ်၊
" မင်းအဖေအရက်ထပ်သောက်ပြန်ပြီလား "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now