အခန်း(၁၀၇)

6.6K 1.4K 58
                                    

Unicode

ချောင်ရှောင်မှာ ရယ်ချင်သလိုရော စိတ်မကောင်းသလိုပါ ခံစားလိုက်ရတယ်၊
" ကဲ၊ နိုးထလိုက်တော့၊ မင်းဘယ်ရောက်နေတယ်ဆိုတာကိုရော သိရဲ့လား "
ဒါသာ အိမ်မက်လိုပဲဆိုရင် သူတော့ အချိန်အကြာကြီး အိမ်မက်မက်နေသလို ခံစားနေရတော့မှာပဲ။

ခဏကြာအောင် စောင့်ပြီးတဲ့နောက်မှာ မမျှော်လင့်ဘဲ ဟော့ရှန်က စာပြန်မလာခဲ့ဘူး၊ ချောင်ရှောင် သူ့ကိုနောက်ထပ်မက်ဆေ့ရှ်ပို့လိုက်တယ်၊
" ဘာဖြစ်တာလဲ "

စာပြန်မလာဆဲ... သူ ရေသွားချိုးနေတာများလား?

ချောင်ရှောင်မှာ တစ်နေ့လုံး လှုပ်ရှားသွားလာခဲ့ရပြီးနောက် အနည်းငယ်ပင်ပန်းနေတဲ့အတွက် သူ့ဖုန်းကိုပစ်ချကာ ရေသွားချိုးလိုက်တယ်။

ဟော့ရှန်က ရေသွားချိုးခဲ့ရင်တောင် မက်ဆေ့ရှ်အရင်ပို့ပါလိမ့်မယ်၊ သူ မက်ဆေ့ရှ်ကိုအကြောင်းမပြန်ရတဲ့အကြောင်းရင်းမှာ တစ်စုံတစ်ယောက်က သူ့တံခါးကိုလာခေါက်တာကြောင့်ဖြစ်တယ်။

တံခါးသွားဖွင့်ရန် သူ့ဖုန်းကိုချထားလိုက်တယ်၊ ချောင်စုန့်မင်က သူ့ကိုကြည့်ပြီး၊
" ရေမချိုးရသေးဘူးလား "

ဟော့ရှန်က ချက်ချင်းပြန်ပြောလိုက်တယ်၊
" ခဏ‌နေမှ ချိုးမလို့ပါ "

ချောင်စုန့်မင်က သူ့ကိုအကဲခတ်ပြီး သူ့စိတ်ထဲ အတော်လေးကျေနပ်အားရနေတယ်၊ ရှဲ့မိသားစုအိမ်မှာ အရာရာတိုင်းကို ချို့ယွင်းချက်မရှိ ကိုင်တွယ်ဖြေရှင်းတဲ့ ရှဲ့ရှန်နဲ့ယှဉ်ရင် သူ့စိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်ရန် ခက်ခဲနေတဲ့ ‌ဒီဟော့ရှန်ကမှ အများကြီး ပိုပြီးနှစ်လိုဖွယ်ကောင်းသေးတယ်။

သူက ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတဲ့ဟာကို၊ လူငယ်တစ်ယောက်လိုပဲ ပြုမူနေသင့်တာပေါ့။

ချောင်စုန့်မင်က အခန်းထဲဝင်လာပြီး သူ့ကိုမေးတယ်၊
" မင်းအကြိုက်နဲ့ ကိုက်ညီရဲ့လား "

ဟော့ရှန်ပြောလိုက်တယ်၊
" အရမ်းကောင်းပါတယ် "

ချောင်စုန့်မင်က ပြောလာတယ်၊
" ချောင်ရှောင်ရဲ့အခန်းကိုအခြေခံပြီး ပြင်ဆင်ထားတာ၊ မင်းအကြိုက်နဲ့ မကိုက်ညီတာတစ်ခုခုရှိရင် ငါ့ကိုအသိပေးလို့ရတယ် "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now