အခန်း(၂၆)

7.9K 1.4K 49
                                    

Unicode

သူ သူ့ကိုယ်သူတည်ငြိမ်သွားသည့်အခါမှာတော့ ချင်စုဟာ မျက်နှာသစ်ဖို့ သန့်စင်ခန်းကို သွားလေတယ်၊ ချောင်ရှောင်မှာ သည်တစ်ချိန်လုံး သူ ဟော့ရှန်၏လက်မောင်းကို ဆုပ်ကိုင်ထားမိတာကို တွေ့ရှိလိုက်ရတယ်။

ဟော့ရှန်က တည်တည်ငြိမ်ငြိမ်ပင် ပြောလာ၏၊
" မင်းလက်သည်းတွေကို ညှပ်ဖို့အချိန်တန်ပြီ "

ချောင်ရှောင်မှာ ‌သူ့လက်ဖျံပေါ်မှ မြင်သာသည့်လက်ချောင်းရာများကို တွေ့လိုက်ရတယ်။

" ‌တောင်းပန်ပါတယ် "
ချောင်ရှောင်မှာ ရှက်ရွံ့သွားရကာ၊
" ငါဂရုမစိုက်ခဲ့မိလို့ "

သူ တစ်စုံတစ်ခုကို ဆုပ်ကိုင်မိခဲ့ပြီး ထိုဟာက ဘာလဲဆိုတာတောင် သတိမပြုမိခဲ့ပေ။

ထိုအချိန်တုန်းက သူ အရမ်းစိတ်လှုပ်ရှားနေခဲ့တာ၊ ၎င်းမှာ လမ်းပေါ်တွင် အကြိုက်ဆုံးနာမည်ကြီးတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ပင်။

တောင်းပန်နေရင်း သူက လက်လှမ်းကာ သူ့လက်ကို ဖွဖွလေးပွတ်သပ်ပေးလိုက်တယ်၊
" မင်းဘာလို့ငါ့ကိုမပြောတာတုန်း၊ သွေးထွက်တော့မယ် "

လက်ချောင်းရာတွေဟာ နက်ပြီး အနည်းငယ်နီရဲနေလေ၏။

ဟော့ရှန်က သူ့လက်ကိုကြည့်ကာ ပြောလာတယ်၊
" ငါ မင်းကိုအပြစ်တင်မှာ... "

ချောင်ရှောင်ဟာ မှားခဲ့သည့်အတွက် သူက ပြောလိုက်တယ်၊
" ငါ့ကိုအပြစ်တင်ပါ၊ ငါဂရုမစိုက်မိတဲ့အတွက် ငါ့ကိုပဲအပြစ်တင်ပါ... "

" မင်းမှာ ‌သေးလွန်းတဲ့လက်တွေရှိလို့ ငါမင်းကိုအပြစ်တင်တယ် "
ဟော့ရှန်က သူ့စကားကို အဆုံးသတ်လိုက်တယ်။

သူ့လက်ကို ခပ်ဖွဖွပွတ်ပေးနေသည့် ချောင်ရှောင်၏လက်မှာ ရပ်တန့်သွားတယ်၊ သူက သူ့ခေါင်းကို မော့ကာ သူ့ကိုကြည့်လာလေတယ်၊
" အာ? "

ဟော့ရှန်က ချောင်ရှောင်၏လက်ကို လှမ်းယူ၊ သူ့(ဟော့ရှန်)လက်ပေါ် တင်ပေးပြီး ပြောလေတယ်၊
" မင်းက ငါ့လက်ကိုတောင်‌ သေသေချာချာမဆုပ်ကိုင်နိုင်ဘူး၊ ဒါကြောင့် မင်းက သည်လိုမျိုး အသားထဲကို စိုက်ဝင်နိုင်တာပေါ့ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now