အခန်း(၆၂)

6.9K 1.4K 101
                                    

Unicode

တစ်ခဏမျှကြာအောင် ချောင်ရှောင်ကြက်သေ‌,သေနေမိတာ ဟော့ရှန်၏စကားအဓိပ္ပာယ်ကို သူမတုံ့ပြန်နိုင်ခင်အထိ။

သူ့နှလုံးသားလေး ကဆုန်ပေါက်သွားကာ သူပြောလိုက်တယ်၊
" မင်းအချိုတွေစွဲနေတာကိုရပ်လိုက်ပါတော့လား! "

ငါကနှိုင်းယှဉ်ချက်တစ်ခုလုပ်နေတာတောင် မင်းက အဲ့ဒါချိုလားမချိုလားမေးနေသေးတယ်၊ ဒီလူကတော့ မျှော်လင့်ချက်ကိုမရှိတော့ဘူး!

ဟော့ရှန်က သူ့ပါးကိုသူ့လက်နှင့်ထောက်ထားလို့ သူ့မျက်လုံးတွေက ချောင်ရှောင်၏မျက်နှာလေးမှာပဲကပ်ငြိနေလေ၏၊
" မင်းအရင်စပြောတာလေကွာ "

" ငါပြောခဲ့တာကြောင့် ငါ့ကိုအပြစ်တင်ရမယ်ပေါ့? "
ယခုအချိန်တွင် ချောင်ရှောင် သူ့ကိုကောင်းကောင်းကြီးသိနေပြီဖြစ်ကာ သူ့စားပွဲအံဆွဲထဲမှ သကြားလုံးတစ်လုံးကို သူ့အတွက်ထုတ်ယူပေးလိုက်တယ်။

ဟော့ရှန်က ပြုံးပြုံးကြီးနှင့် သကြားလုံးကိုယူသွားလေတယ်။

ထို့နောက်တွင် ချောင်ရှောင် သူ့ကိုဖြဲခြောက်လိုက်တယ်၊
" ငါမင်းကိုပြောပြမယ်၊ မင်းအချိုတွေအများကြီးတောက်လျှောက်စားပြီး နောက်ကျတဲ့ထိနေရင် ဆံပင်တွေကျွတ်ပြီးထိပ်ပြောင်ကြီးဖြစ်လာမှာကို မင်းဂရုစိုက်သင့်တယ်နော်! "

ဟော့ရှန် : " ... "

ချောင်ရှောင် သူ၏ကြည့်ကောင်းသောမျက်နှာကိုကြည့်ကာ ပြောလိုက်တယ်၊
" အဲ့အချိန်ကျမှမင်းဘာလုပ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့!"

လူတစ်‌ယောက်က လူအိုကြီးဖြစ်မလာခင် ထိပ်ပြောင်ခြင်းမှာ ဒီကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံးအရာများထဲမှတစ်ခုအပါအဝင်ဖြစ်သည်မှာ အသေအချာ။

ဟော့ရှန်တစ်ယောက် အပြင်းအထန်ထိုးနှက်ခံလိုက်ရချေပြီ၊
" မင်းငါ့ကိုမုန်းသွားမှာပေါ့ "

ချောင်ရှောင်ဒီလိုအထက်စီးရသည်မှာ ရှားပါးလှတယ်၊ သူခပ်ပြတ်ပြတ်ပြောလိုက်တယ်၊
" မင်းသက်တောင့်သက်သာမနေချင်ရင်တော့ ဂရုစိုက်ပေါ့ကွာ၊ မဟုတ်ရင် မင်းမိန်းမရဖို့တောင်မဖြစ်နိုင်ဘူးကွ! "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now