အခန်း(၃၃)

7.3K 1.4K 89
                                    

Unicode

ချောင်ရှောင်မှာ သူ့အသံထွက်လာရန် အချိန်အကြာကြီး ယူလိုက်ရတယ်၊
" မြို့မှာ နံပါတ် ၁? ဟော့ရှန်က‌??? "

သူ့မေးခွန်း၏အမြင့်လေသံမှာ အလွန်မြင့်တက်သွားကာ ၎င်းမှာ ရုပ်လုံးပေါ်လာပြီး အတောင်ပေါက်ကာ ပျံသန်းသွားနိုင်လုနီးနီးပင်။

ချင်စုက အံ့ဩသွားလေ၏၊
" မင်းမသိခဲ့ဘူးလား "

ချောင်ရှောင်၏မျက်နှာဟာ ရှင်းလင်းစွာဖော်ပြလို့နေတယ်၊
" ငါက ဘယ်လိုလုပ်သိပါ့မတုန်း! "

ချင်စုက နားမလည်သည့်ပုံဖြင့် မေးလာတယ်၊
" ဒါပေမယ့် အရင်က မင်းငါ့ကိုမမေးခဲ့လို့လား "

သူ ချောင်ရှောင်ကိုတောင် နှစ်သိမ့်ပေးခဲ့တယ်လေ၊ ဘာကြောင့်ဆို သူ စိတ်ပိုင်းဆိုင်ရာရိုက်ချက်တချို့ကြောင့် ထိတ်လန့်တုန်လှုပ်သွားမှာကို သူစိုးရိမ်ခဲ့လို့ပေါ့။

ချောင်ရှောင်လည်း ၎င်းကိုအလွန်ရှင်းရှင်းလင်းလင်းမှတ်မိပါတယ်၊
" ဒါပေမယ့် အဲ့အချိန်တုန်းက မင်းပြောခဲ့တာက ငါ သူ့ကိုဥပမာထားပြီး မသင်ယူသင့်ဘူးလို့... "

ချင်စုဟာ ထိုပြောပုံဆိုပုံ၏အဓိပ္ပာယ်နှစ်ခွထွက်နေခြင်းကို နားလည်သွားတယ်၊
" ငါဆိုလိုတာက မင်းကိုယ်မင်း သူနဲ့မယှဉ်သင့်ဘူးလို့၊ လူတိုင်းက ကျောင်းသွား၊ တစ်နေ့လုံးအိပ်နေပြီး ပြီးပြည့်စုံတဲ့အမှတ်ကို မရနိုင်ဘူးလေ "

ချောင်ရှောင် : " .............. "

ဒါက ဒီလိုပေါ့! သူ့မှာ ကသိကအောက်ဖြစ်လွန်းလို့ စကားတောင်မပြောနိုင်တော့ဘူး!

အခုတော့ ချင်စုဟာ အရင်ကသူတို့စကားပြောခဲ့ကြချိန်မှာ သူတို့ဟာ တူညီသည့်လိုင်းပေါ်မှာမရှိခဲ့ဘူးဆိုတာ သိရှိသွားတာကြောင့် သူ အမြန်ရှင်းပြလိုက်တယ်၊
" ဟော့ရှန်က ငါတို့နဲ့မတူဘူး၊ သူမြင်တာကို သူကဘယ်တော့မှမမေ့ဘူး၊ သူက တစ်ခုခုကိုကြည့်ဖို့ဆိုရင် တစ်ကြိမ်ပဲလိုတာ၊ အတန်းထဲမှာ သူဘယ်လိုအိပ်တယ်‌ဆိုတာကိုပဲ မကြည့်နဲ့၊ တကယ်တော့ သူကျက်ထားတဲ့အသိအားလုံးက အထက်တန်းကျောင်းသားရဲ့အသိကို ကျော်လွန်နေပြီ၊ အထက်တန်းကျောင်းစတဲ့အချိန်မှာပဲ သူ့ကိုလာကမ်းလှမ်းတဲ့ တက္ကသိုလ်တွေရှိနေပြီ... "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now