အခန်း(၈၃)

6.8K 1.4K 80
                                    

Unicode

အကြောင်းအမျိုးမျိုးကြောင့် ဒီလိုမိသားစုမျိုးမှကလေးတွေ၏ဓာတ်ပုံတွေကို အလွန်ကောင်းစွာလျှို့ဝှက်ထားကြတယ်၊ နောက်ပြီး ယေဘုယျအားဖြင့် ဆယ်ကျော်သက်အရွယ်ထက်ငယ်တဲ့ကလေးတွေရဲ့ပုံတွေကို လူသိရှင်ကြား မဖော်ပြကြပေ၊ ဘာပဲဖြစ်ဖြစ် လုံခြုံရေးအရေးကိစ္စတွေကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်လေ။

ဟော့ရှန်ကြည့်နေသည့်ပုံက အလွန်ပြတ်သားတဲ့သာမန်ဓာတ်ပုံတစ်ပုံပါပဲ၊ mouse ကိုတစ်ချက်နှိပ်ကာ ဓာတ်ပုံကို ပုံကြီးချဲ့လိုက်တယ်၊ သူ့ကွန်ပျူတာဖန်သားပြင် တစ်ဝက်လောက်ကို ငယ်ရွယ်ချောမောသောမင်းသားငယ်လေး၏ဓာတ်ပုံက နေရာယူထားတယ်။

ကောင်ငယ်လေးက လက်ရာမြောက်သည့်ကျောင်းဝတ်စုံကို ဝတ်ဆင်ထားလို့ — တီရှပ်ဖြူ၊ အပြာရင့်ရောင်ကိုယ်ကျပ်အင်္ကျီ၊ အဖြူနှင့်အပြာစင်းကျားနက်ကတိုင်နှင့် ဘယ်ဘက်ရင်ဘတ်ပေါ်တွင် ရွှေရောင်ကျောင်းအမှတ်တံဆိပ်က ခိုင်မြဲစွာတွယ်ကပ်ထားတယ်။

ဒါဟာ တရုတ်ပြည်က လူသိများတဲ့အထက်တန်းလွှာကျောင်းတစ်ကျောင်း၊ ထိုကျောင်းမှကလေးတွေက ချမ်းသားကြွယ်ဝပြီးဂုဏ်သရေရှိမိသားစုများမှဆင်းသက်လာကြသူတွေ၊ ဟော့ရှန်ကိုယ်တိုင်လည်း ထိုကဲ့သို့ကျောင်းမှ ကျောင်းဆင်းလက်မှတ်ရရှိခဲ့သော်လည်း ခြောက်နှစ်စာသင်ရိုးကို တစ်နှစ်တည်းနှင့် သူကပြီးမြောက်ခဲ့တယ်။

ဓာတ်ပုံထဲမှကောင်ငယ်လေးက နှင်းကဲ့သို့ဖြူဖွေးနေသောအသားအရေ၊ အရောင်ဖျော့ဖျော့ဆံပင်တွေ၊ တောက်ပကြည်လင်သည့်မျက်လုံးတစ်စုံနှင့် အလွန်ချောမောလှတယ်၊ သူက အပြစ်ကင်းစင်မှုနှင့်ဖြူစင်ရိုးသားမှုတို့၏ပုံရိပ်ဖြစ်လို့နေတယ်၊ သူ့နှာတံက မမြင့်ဘဲ သူ့နှာထိပ်လေးက အနည်းငယ်မြင့်တက်နေတယ်၊ သူ့နှုတ်ခမ်းပါးများက နီဆွေးဆွေး၊ သူ့မျက်နှာဝိုင်းဝိုင်းလေးမှာ ကလေးအဆီပိုလေးရှိနေဆဲ၊ သူ့အပြုံးက ပါးချိုင့်ရေးရေးလေးကို လှစ်ဟပြနေလို့။

ဒီဓာတ်ပုံကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ချိန်က ချောင်မိသားစုရဲ့သခင်ငယ်လေးဟာ နတ်သားလေးကဲ့သို့ ချစ်စရာကောင်းတယ်လို့ လူအတော်များများက ပြောခဲ့ကြတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now