အခန်း(၉၇)

6.8K 1.4K 179
                                    

Unicode

ကျွမ်းရှင်းယိက အလွန်အံ့အားသင့်နေခဲ့တယ်။ သူမရဲ့လူတွေက ဟော့ရှန် ဆယ်ကျော်သက်လေးတစ်ယောက်ကို အပေါ်ထပ်ကိုခေါ်လာခဲ့တယ်လို့ သူမကိုပြောခဲ့တာ။ သူမမမျှော်လင့်ခဲ့တာ ဟော့ရှန်က သူ့ချစ်သူလေးကိုဒီနေရာကိုခေါ်လာခဲ့မယ်လို့။

တကယ်တော့ သူမက သူနဲ့ထိပ်တိုက်သွားတွေ့ခဲ့တာ! သူက ဒါကိုသူမအတွက် တအားလွယ်ကူအောင် လုပ်ပေးသွားတာပဲ၊ မျှော်လင့်ထားသလိုပဲ ‌ရှဲ့ရှန်က ငယ်ရွယ်ပြီးမဆင်မခြင်လုပ်တတ်တဲ့ကောင်လေးတစ်ယောက်ထက် ဘာမှမပိုသေးပါဘူး၊ ဘယ်သူမှမတွေ့ဘူးလို့ သူကထင်နေတာပဲ၊ သူက ဒီဖရိုမရဲဖြစ်နေတဲ့နေရာကိုအခွင့်ကောင်းယူပြီး ဧည့်သည်အပေါင်းခြံရံလို့ သူ့ချစ်သူကောင်ငယ်လေးကို သူ့အိမ်ဟောင်းကိုအလည်အပတ်လိုက်ပြပေးမလို့လား? သူလုပ်ချင်တိုင်းလုပ်ရအောင် ဒီအိမ်ကို သူ့အိမ်လို့ထင်နေတာလား?

အဲ့ဒီအမှိုက်သရိုက်ကောင်စုတ်ကို ဖယ်ရှားပစ်ဖို့ အချိန်တန်ပြီပဲ!

ကျွမ်းရှင်းယိက ချောင်ရှောင်မျက်နှာကိုပဲအာရုံစိုက်နေခဲ့တဲ့အတွက် ချောင်ရှောင်ရဲ့ကိုယ်တိုင်းနဲ့ချုပ်ထားတဲ့လက်ဖြစ်ဝတ်စုံကို သတိမထားမိခဲ့ချေ။ အမှန်မှာ သူမမြင်သွားခဲ့ရင်တောင် ကိစ္စရှိမှာမဟုတ်ဘူး။ သူ့အတွက် ဟော့ရှန်ပြင်ဆင်ပေးထားခဲ့တယ်လို့ပဲ သူမက တွေးလိမ့်မှာ။

ဟော့ရှန်ကမေးတယ်၊
" အန်တီဘာတွေပြောနေတာလဲ "

ကျွမ်းရှင်းယိက သူမစိတ်ထဲမှာ လှောင်ရယ်ရယ်နေတယ်၊ မင်းက အခုကျမှ ငါသိတဲ့ရိုသေသမှုပြုတဲ့အသုံးအနှုန်းတွေ သုံးနေတယ်ပေါ့? ဒါပေမဲ့ နောက်ကျသွားပြီ!

" ဖုံးကွယ်နေလည်း အလကားပဲ "
ကျွမ်းရှင်းယိက သူမရဲ့လက်ကိုင်အိတ်ထဲကနေဓာတ်ပုံအချို့ကိုထုတ်ယူပြီး သူတို့ကိုခါယမ်းပြလိုက်တယ်၊
" မင်းကိုယ်မင်း အရှက်ကွဲပြီးဒုက္ခမရောက်ချင်ဘူးဆိုရင် ရှဲ့မိသားစုကနေထွက်သွားလိုက်! "

ဓာတ်ပုံတွေက တစ်ပုံနဲ့တစ်ပုံထပ်နေပြီး နောက်ကပုံတွေကိုဖုံးဖိထားသော်လည်း ပထမဆုံးပုံကိုကြည့်ရုံနဲ့တင် လုံလောက်နေပြီ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now