အခန်း(၃၅)

7.9K 1.4K 111
                                    

Unicode

ချောင်ရှောင် အဲ့ဒါကိုပြောနိုင်လိုက်တာနဲ့ချက်ချင်း သူ့မှာအများကြီးစိတ်သက်သာရာရသွားတယ်။

ပြီးခဲ့သည့်နှစ်ရက်အတွင်း သူက ဟော့ရှန်ဆီမှ တမင်သက်သက်ကို ရှောင်ပုန်းနေခဲ့တာ၊ ပထမတစ်ရက်မှာ သူသေလောက်အောင်ရှက်နေခဲ့လို့၊ ဒါပေမယ့် သူအတော်အပြစ်ရှိသလိုလည်းခံစား‌နေခဲ့ရတယ်။

မတိုင်ခင်က ဟော့ရှန်ဟာ အမှန်ကို အကြိမ်ပေါင်းများစွာပြောခဲ့သော်လည်း သူက အားလုံးကို လေလုံးထွားနေခြင်းဟုသာ သတ်မှတ်ခဲ့ခြင်းပင်၊ ယခု သူ ထိုကဲ့သို့ မျက်နှာကိုရိုက်ခံလိုက်ရတော့ သူတောင်းပန်လိုက်တာက မှန်ကန်ပါတယ်။

ဒီအတိုင်း ထိုတောင်းပန်တာက...

သူတုံးတယ်ဆိုတာ သူဝန်ခံရမယ်လို့ ဆိုလိုနေတာကြီးလေ!

ချောင်ရှောင်ရှောင်မှာ ရိုးတွင်းခြင်ဆီထဲအထိ အရှက်ရနေပါပြီ။

သို့သော်လည်း ဟော့ရှန်က‌တော့ ထိုစကားလုံးသုံးလုံးကိုကြားရန် ဘယ်တုန်းကမှမျှော်လင့်မထားခဲ့။

ဘာလို့လဲ။

ချောင်ရှောင်က ဘာလို့ သူ့ကိုတောင်းပန်နေတာလဲ။

ဟော့ရှန်က မေးလိုက်တယ်၊
" မင်းက ဘာအတွက်တောင်းပန်တာလဲ "

ချောင်ရှောင်က ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်တယ်၊
" ငါက မင်းပြောတာကို နားမထောင်ခဲ့သလို မင်းကိုလည်း မယုံကြည်ခဲ့ဘူးလေ၊ ဒါကြောင့် ငါ သေချာပေါက်တောင်းပန်ရမှာပေါ့ "

သူတော့ သေပြီ၊ သွားပါပြီ၊ ချောင်ရှောင် ဒီလိုလူသိရှင်ကြားရှုတ်ချခံရသည့်အ‌တွေ့အကြုံကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး!

ဟော့ရှန်၏မျက်လုံးများမှာ ပိုပြီးနက်ရှိုင်းလာကာ ချောင်ရှောင်ကို ငေးစိုက်ကြည့်နေသည့်သူ့အကြည့်ဟာ ဝင်လက်စနေထက်ပင် ပို၍နွေးထွေးလေ၏။

" မင်းငါ့ကိုရှောင်နေတာ ဒါကြောင့်လား "

ချောင်ရှောင်က ရှက်ရွံ့စွာပြောလိုက်တယ်၊
" ငါ့မှာ မင်းကိုထပ်‌တွေ့ဖို့ ဘာမျက်နှာရှိဦးမှာတုန်း... "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now