အခန်း(၈၀)

7.6K 1.4K 155
                                    

Unicode

ထိုကဲ့သို့ပြောအပြီး ချောင်ရှောင်မှာ သူ့ခေါင်းကိုမမော့ရဲတော့ပေ၊ သူအမှန်တကယ်တွေးနေတဲ့အရာကို ဘယ်လိုလုပ် နမော်နမဲ့နဲ့ပြောလိုက်ရတာတုန်း!

အတော်ကြာသည်အထိ ဟော့ရှန်ဆီမှဘာအသံမှမကြားရတော့ သူ့ကိုခိုးကြောင်ခိုးဝှက်မော့ကြည့်လိုက်တယ်၊ အကြည့်တစ်ချက်နှင့်...

ဟော့ရှန်က သူ့မျက်လုံးများထဲ စိုက်ကြည့်လို့နေတယ်၊ ဟော့ရှန်၏မျက်လုံးများမှာ မီးတောက်များနှင့်တောက်လောင်နေသည့်အလား၊
" ငါမင်းကိုနမ်းချင်တယ် "

ချောင်ရှောင် : " ! "

သူ့အဖြေကိုပင်စောင့်မနေတော့ဘဲ ဟော့ရှန်က သူ့ခေါင်းကိုငုံ့ချလိုက်တယ်။

ချောင်ရှောင်ခမျာ သူတို့နှုတ်ခမ်းများကြား သူ့လက်ကိုအမြန်ကြားဝင်ခံလိုက်ရတယ်။

ဟော့ရှန် အနည်းငယ်အံ့ဩသွားကာ သူ့လက်ဖဝါးပေါ်ကိုပဲ ခပ်ဖွဖွအနမ်းခြွေလိုက်တယ်။

ဒီလိုဆိုရင်တောင် ချောင်ရှောင်၏မျက်နှာတစ်ခုလုံးကို နီမြန်းခြင်းက လွှမ်းခြုံထားလို့၊ သူ့လက်ဖဝါးမှာ ဂဟေဆော်သည့်ကိရိယာအသေးစားလေးကြောင့် လောင်ကျွမ်းသွားရသည့်နှယ်။

ဟော့ရှန်က ပြောလာတယ်၊
" ခဏစောင့်‌ဦးနော်၊ ငါ ခဏနေ ပြန်လာခဲ့မယ် "

ချောင်ရှောင် ခေါင်းညိတ်ပြလိုက်တယ်။

ချောင်ရှောင်က လက်ဆေးဘေစင်ရှေ့တွင်ရှိနေကာ မော့ကြည့်လိုက်ချိန်တွင် မှန်ထဲမှာ သူ့ကိုယ်သူမြင်နေရတယ်။

ဒါက ဘယ်လိုလုပ် လူတစ်ယောက်ဖြစ်မှာလဲ၊ နီရဲနေတဲ့ကျောက်ပုဇွန်တစ်ကောင်ဆိုတာ အသိသာကြီးကို!

သူက မျက်နှာသစ်၊ ပလုတ်ကျင်းပြီး ရေချိုးခန်းထဲကနေ ထွက်လာလိုက်တယ်။

ဟော့ရှန်လုပ်ပေးခဲ့တဲ့ အမှတ်-150 မနက်စာလေးက စားပွဲပေါ်တွင်ရှိနေဆဲ၊ ဒါပေမဲ့ ကံမကောင်းစွာဖြင့် ၎င်းကိုသူမထိရဲတော့ပေ၊ သူ၏အောင်မြင်မှုက သူ့ကို စိတ်မထိန်းနိုင်ဖြစ်သွားစေခဲ့တယ်၊ သူဘာမှမစားတာ နှစ်ရက်ရှိခဲ့ပြီ‌လေ၊ ဒီလိုဆီများတဲ့အစားအစာတွေကို သူဘယ်လိုစားနိုင်မှာတဲ့လဲ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now