အခန်း(၁၂၁) - ဆယ်နှစ်ကြာပြီးနောက်(၄)

6.4K 1.2K 19
                                    

Unicode

အို့... ဘာပဲဖြစ်ဖြစ် သူ့ကိုနမ်းပြီးသွားပြီလေ၊ သူ ပြန်ယူလို့မှမရတော့ဘဲ။

ချောင်ရှောင် အနည်းငယ်ရှက်ရွံ့နေမိတယ်၊ ဒါပေမဲ့ ဟော့ရှန်က ဒီအိမ်မက်ကနေ အချိန်မရွေး နိုးထသင့်နေပြီလို့ သူထင်တယ်၊ သူ နိုးလာတဲ့အခါကျ သူ့ရှေ့က ဒီဆယ်ကျော်သက်လေးကို သူ မျက်နှာချင်းဆိုင်ရတော့မှာမဟုတ်ဘူး။

ဘယ်သူသိပါ့မလဲ၊ ဟော့ရှန်က နိုးထဖို့ဆန္ဒမရှိဘဲ အိမ်မက်ဆက်မက်နေခဲ့တယ်။

အရင်ဆုံး သူက သူ့ကို ရှန်ဟိုင်းအဆောက်အဦဆီ ပြန်ပို့ပေးခဲ့တယ်၊ သာ့ချောင်နဲ့ သူ့အမေက သူ့ကို ဧည့်သည်အဖြစ် သတ်မှတ်လိုက်ကြပြီး ဟော့ရှန်တစ်ယောက် အလွန်မှဣန္ဒြေသိက္ခာရှိနေလိုက်တာများ သူက ချောင်ရှောင်ကိုပင် မကြည့်ရဲဖြစ်နေလေရဲ့။

သူ အသက်ဆယ့်တစ်နှစ်ပဲ ရှိသေးမှန်း ချောင်ရှောင် ရှင်းရှင်းလင်းလင်း သိနေပေမယ့် ဒီကောင် ဖြူစင်ရိုးသားချင်ယောင်ဆောင်နေတယ်ဆိုတဲ့ ခံစားချက်ကြီး ရနေတုန်းပဲ!

ထားပါ၊ ရှိစေတော့၊ သူ့မိဘတွေအတွက် သူ အိမ်မက်ဆက်မက်ပေးလိုက်ပါမယ်လေ။

သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ကန့်သတ်ချုပ်ချယ်ခံရတာကို မုန်းလို့ဖြစ်မယ်၊ ဒီအိမ်မက်ထဲက အချိန်တွေက အလျင်အမြန်ပဲ ကုန်ဆုံးသွားခဲ့တယ်၊ မျက်စိတစ်မှိတ်အတွင်းမှာ ချောင်ရှောင် သူ့ကိုယ်သူ အသက် ၁၅၊ ၁၆ နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်ဖြစ်သွားမှန်း သိရှိလိုက်ရတယ်။

မနက်ခင်း စောစောမှာ သူ့မေမေရဲ့အသံကို ချောင်ရှောင် ကြားလိုက်ရတယ်၊
" ရှောင်ရှန်က သားကို အောက်ထပ်မှာစောင့်နေပြီ၊ မင်းရဲ့ကျောင်းလွယ်အိတ်ကိုယူပြီး အမြန်အောက်ဆင်းချည် "

ချောင်ရှောင်မှာ အစီအစဉ်နဲ့ လိုက်လျောညီထွေမဖြစ်သေးခင် အေးခဲသွားတော့တယ်၊ သူ အလယ်တန်းတက်နေတာနဲ့တူတယ်? ဟော့ရှန်နဲ့အတူ အလယ်တန်းတက်နေတာများလား?

နေစမ်းပါဦး၊ ဒီကောင်က အတန်းတွေခုန်ကျော်ပြီး ရှင်းဟွာ ဒါမှမဟုတ် ပေကျင်းတက္ကသိုလ်မှာ တက်နေသင့်တာမဟုတ်ဘူးလား?!

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now