အခန်း(၈၈)

6.4K 1.3K 70
                                    

Unicode

ချောင်‌စုန့်မင်က သူ့အသံထဲမှာတစ်စုံတစ်ရာကိုမှပေါက်ကြားခွင့်မပြု၊ သူက သူ့ထံမှ‌နောက်ထပ်အချက်အလက်တွေကို ဆက်လက်အစ်ထုတ်လိုက်တယ်၊
" အဲ့နှစ်ယောက်က အတန်းဖော်တွေလား "

သဘာဝကျစွာပဲ ကျန်းကျိရုံက သူ့သူဌေးကြီးကိုဘာမှဖုံးကွယ်မထားချေ၊
" ကျွန်တော်ကြားတာ သူတို့ကထိုင်ခုံ‌ဖော်တွေတောင်ဆိုပဲ၊ သူတို့ကအတော်လေးဆက်ဆံရေးကောင်းကြတယ်၊ ဒါပေမဲ့ကဏ္ဍတိုင်းမှာ တကယ့်ကိုကွာခြားပါတယ် "

သူ့သားလေးဒီလိုဝေဖန်ခံနေရပေမယ့် ဥက္ကဌချောင်က တည်တည်ငြိမ်ငြိမ်ဆက်ရှိနေတယ်၊
" အသေးစိတ်ပြော "

ကျန်းကျိရုံကပြောတယ်၊
" ထူးချွန်တယ်ဆိုတဲ့တစ်ယောက်က ဟော့ရှန်လို့ခေါ်ပြီး လိုအပ်ချက်တွေရှိနေတဲ့တစ်ယောက်ကို ချောင်ရှောင်လို့ခေါ်ပါတယ်၊ တကယ်တော့ ဒီအတန်းဖော်ချောင်ရှောင်က သိပ်မဆိုးပါဘူး၊ ဒါပေမဲ့လို့ ယှဉ်ကြည့်လိုက်တဲ့အခါ သူ့မှာပြဿနာတော်တော်လေးပိုများနေတယ်၊ အလုပ်ကိစ္စတွေကိုဘေးဖယ်ထားရင် ဘဝအရေးကိစ္စတွေကြုံလာတဲ့အခါ လူတွေသူ့အတွက်အမှုထမ်းပေးမှာကိုစောင့်နေတယ်ဗျာ၊ သူ့အတွက်သူတောင် ရေမထည့်ဖူးဘူး၊ ထမင်းစားချိန်ရောက်တော့လည်း သူ့ထိုင်ခုံဖော်ကိုစောင့်တယ်၊ ဟော့ရှန်က သူ့ကိုအမှိုက်တောင်ကူပစ်ပေးနေရတယ်... "

ကျန်းကျိရုံက စကားတွေအများကြီးပြောပြီး သူ့လေသံက နဲနဲဒေါသသံပေါက်နေတယ်၊ တခြားအကြောင်းကြောင့်မဟုတ်၊  အဓိကအားဖြင့် သူက ဟော့ရှန်ကိုအလွန်သဘောကျတဲ့အတွက် ချောင်ရှောင်က ဟော့ရှန်ကိုအလွန်အမင်း"အနိုင်ကျင့်နေ"တယ်လို့ခံစားနေရတယ်။

ချောင်စုန့်မင်က ဒါကိုဘယ်လိုလုပ်နားမလည်ဘဲနေပါ့မလဲ၊ သူကပြောတယ်၊
" ဒီကိစ္စတွေလုပ်ဖို့ ချောင်ရှောင်ကဟော့ရှန်ကိုအတင်းခိုင်းတာလား "

ကျန်းကျိရုံ : " တကယ်တော့ သူမခိုင်းပါဘူး... "

ချောင်စုန့်မင်က သူ့လက်‌ကိုဝေ့ယမ်းလို့ ပြောတယ်၊
" ရပြီ၊ မင်းပြန်လို့ရပြီ "

ကျန်းကျိရုံက ဝန်ထမ်းရေးရာဌာနခေါင်းဆောင်နဲ့အတူထွက်သွားလေတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now