အခန်း(၁၁၉) - ဆယ်နှစ်ကြာပြီးနောက်(၂)

6.5K 1.3K 33
                                    

Unicode

အပြင်မှအစေခံက လျင်မြန်စွာ နီးကပ်လာခဲ့ပြီး ချောင်ရှောင်လေးခမျာ တခြားဘာကိုမှအာရုံမစိုက်နိုင်ဘဲ ချုံပုတ်ထဲပုန်းနေဖို့ ဟော့ရှန်ကိုဆွဲချလိုက်တော့တယ်။

နှစ်ယောက်သားက အတူတူနီးနီးကပ်ကပ်ရှိနေကာ တစ်ယောက်ရဲ့အသက်ရှူသံကိုတစ်ယောက်ကြားနေရတဲ့အထိ ကိုယ်ကိုကျုံ့လို့ ပူးကပ်နေကြတယ်။

ဟော့ရှန်က သူ့ကိုမျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတာမို့ ချောင်ရှောင်လေး 'ရှူး!' ဆိုပြီး လုပ်ပြရပြန်တယ်၊ ဟော့ရှန် ခေါင်းညိတ်ပြလာမှ ချောင်ရှောင်လေး သက်ပြင်းချမိတော့တယ်။

အစေခံက အချိန်အတော်ကြာ လိုက်ရှာနေခဲ့တယ်၊ သူမ ဘယ်သူ့ကိုမှရှာမတွေ့လို့ အဝေးကိုထွက်သွားတဲ့အခါမှသာ ကလေးနှစ်ယောက်က ချုံပုတ်ထဲကနေ ထလာခဲ့ကြတယ်။

ဒါက ချောင်ရှောင်ရဲ့အိမ်မက်ဖြစ်လို့ ဟော့ရှန်လက်ထဲရှိလီလီပန်းက အထူးသန့်ရှင်းနေတယ်၊ ၎င်းက တောက်ပလွန်းလို့ သူ့အရောင်က ပတ်ဝန်းကျင်နဲ့ လိုက်ဖက်ညီတဲ့ပုံပင် မပေါ်တော့ဘူး။

ချောင်ရှောင်လေးက မေးတယ်၊
" မင်း ဘာလို့အဲ့ဒီပန်းလေးကို ကိုင်ထားတာလဲ? "

ဟော့ရှန်က အဝေးရှိ ဘေးတံခါးကို ဖျက်ကနဲကြည့်ကာ၊
" ငါ့အမေကိုသွားပေးမလို့ "

ချောင်ရှောင်လေးက ချက်ချင်းပြောလိုက်တယ်၊
" အာ့ဆို သွားလေ၊ ခဏနေရင် ပန်းက လှတော့မှာမဟုတ်ဘူး "

" အင်း "
ဟော့ရှန် သက်ပြင်းဖွဖ‌ွချလို့ တံခါးကိုဖွင့်ဖို့ ကြိုးစားလိုက်တယ်။

" အို့၊ ဟုတ်သားပဲ "
ဟော့ရှန် ထွက်မသွားရသေးခင်မှာပဲ ချောင်ရှောင်က အသံသေးသေးလေးနဲ့ သူ့ကိုလှမ်းခေါ်လာပြန်တယ်။

ဟော့ရှန် သူ့ကိုပြန်ကြည့်လိုက်တယ်၊
" ဘာဖြစ်လို့လဲ "

ချောင်ရှောင်လေးရဲ့မျက်လုံးတွေက မျက်တောင်ရှည်များဖြင့် ဘောင်ခတ်ထားတဲ့ အနက်ရောင်စပျစ်သီးလေးနှစ်လုံးလို ဝိုင်းဝိုင်းလေး၊ သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် အလေးအနက်ပြောလာတယ်၊
" ငါက မိန်းကလေးမဟုတ်ဘူး "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now