အခန်း(၇၁)

6.8K 1.4K 89
                                    

Unicode

ငါးမိနစ်ပဲကျန်တော့တယ်!

သူမတ်တပ်ထရပ်လိုက်တယ်၊ ရှားရှားပါးပါးစိုးရိမ်ပူပန်‌တဲ့ခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းစီးဆင်းသွားလို့။

မထင်မှတ်ဘဲ ချောင်ရှောင်ဆီက မက်ဆေ့ရှ်ဖြစ်နေခဲ့ပြီး သူက တစ်နာရီနောက်ကျမှတွေ့လိုက်ရတယ်။

စက္ကန့်သုံးဆယ်အတွင်း ဟော့ရှန် သူ့အဝတ်အစား‌တွေလဲလိုက်တယ်၊ လှေကားကနေ တစ်ဟုန်ထိုးပြေးဆင်းလာရင်း သူ့လက်ချောင်းများဖြင့် သူ့ဆံပင်တွေကိုသပ်လိုက်လို့၊ မြေညီထပ်ကိုရောက်သည်နှင့် သူ့လက်ကိုဆန့်ထုတ်လို့ တက္ကစီတစ်စီးလှမ်းတားလိုက်ကာ ကားထဲဝင်ပြီးသည်နှင့် ‌သူ ချောင်ရှောင်ကိုဖုန်းခေါ်လိုက်တော့တယ်။

ဒီလုပ်ဆောင်ချက်တသီတတန်းကို အလွန်လျင်မြန်ချောမွေ့စွာဆောင်ရွက်သွားသည်မှာ လျှို့ဝှက်သူလျှိုတွေတောင် အရှက်ရမိလောက်ပါရဲ့။

အကြိမ်အနည်းငယ်အသံမြည်ပြီးနောက် ချောင်ရှောင်က ဖုန်းပြန်ဖြေလာလေ၏။

" အမ်? "
ချောင်ရှောင်ဘက်မှာ ဆူညံလို့နေတယ်၊ သူစားသောက်ဆိုင်ကိုရောက်နေပြီပဲဖြစ်ရမယ်။

ဟော့ရှန်က သူ့အသက်ရှူသံပုံမှန်ဖြစ်သွားပြီးမှ ပြောလိုက်တယ်၊
" မင်း WeChat ကို ငါအခုမှတွေ့လိုက်တာ "

ချောင်ရှောင်က တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်တယ်၊
" အို၊ ဆိုတော့ မင်းစားပြီးသွားပြီလား "

ဟော့ရှန် ချက်ချင်းပြောလိုက်တယ်၊
" မစားရသေးဘူး "

ချောင်ရှောင် စိတ်အေးသွားကာ ပြောလိုက်တယ်၊
" မင်းလာဦးမှာလား ဒါမှမဟုတ် တစ်ခုခုစီစဉ်ထားတာရှိနေလို့လား "

ဟော့ရှန် သူ့မှာအာရုံစိုက်ရမယ့်ကြီးကြီးမားမားကိစ္စတချို့ရှိနေရင်တောင် ခေါင်းထဲမှာသာရှိပြီး ဂရုစိုက်နေတော့မှာမဟုတ်၊
" ငါအခုလမ်းမှာ "

" ဪ "
ချောင်ရှောင် အံ့အားသင့်သွားရတယ်၊
" ဒါဖြင့်ဘာလို့‌ဖုန်းခေါ်နေသေးတာတုန်း၊ ငါ့အထင် မင်းလာများမလာတော့ဘူးလားလို့ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now