အခန်း(၆၇)

6.4K 1.4K 57
                                    

Unicode

သူတို့စားသောက်ဆိုင်မှထွက်လာကာ အနီးတစ်ဝိုက်တွင်ဘယ်သူမှရှိမနေသည့်ချောင်ကျသောနေရာတစ်ခုကိုရှာလိုက်ကြ၏၊ ချောင်ရှောင်သူ့ကိုစိတ်မရှည်စွာကြည့်လိုက်ကာ၊
" ပြောတော့ "

၎င်းကစိုးရိမ်ရသည့်စာမေးပွဲတစ်ခုမဟုတ်သော်လည်း သူစိတ်ပူနေဆဲပင်။

အဆုံးတွင် ၎င်းမှာသူမလုပ်ခဲ့တာကြာပြီဖြစ်သည့်တစ်စုံတစ်ရာဖြစ်ပါလိမ့်မယ် ; သူ့ကြိုးစားအားထုတ်မှုတွေအပေါ်မူတည်ပြီးရရှိလာသည့်အရာပင်...

ဟော့ရှန်က သူ့အနားဖြည်းဖြည်းချင်းတိုးကပ်လာပါ၏။

ချောင်ရှောင်အလိုလိုနောက်ဆုတ်မိသွားကာ သူ့ကျောပြင်မှာနံရံနှင့်ကပ်နေလို့၊
" မင်းဘာလုပ်နေတာလဲ "

ဟော့ရှန်က စကားတစ်ခွန်းမှပြောမလာပေ၊ သူက သူ့ကိုအုပ်မိုးကာ ချောင်ရှောင်တစ်ကိုယ်လုံးကို သူ့ကိုယ်နှင့်ကွယ်ထားလေတယ်၊ သူက သူ့ကိုစိုက်ကြည့်နေကာ သူ့မျက်တောင်များက အရိပ်ကျလို့နေတယ်၊
" ငါတို့ကချိန်းတွေ့ဖို့ ခိုးကြောင်ခိုးဝှက်ထွက်လာကြတဲ့ချစ်သူလေးတွေနဲ့တူတယ်လို့ မင်းမထင်ဘူးလား "

ချောင်ရှောင် : " ....................... "

ဟော့ရှန် တစ်ဖန်ထပ်နီးကပ်လာပြန်ကာ၊
" ငါတို့သာစုံတွဲဆိုရင် အခုအချိန်ငါနမ်းလို့ရမလား... "

သူပြောလို့တောင်မပြီးသေးခင် ချောင်ရှောင်၏မျက်နှာတစ်ခုလုံးမှာနီရဲလို့နေချေပြီ၊
" ဟော့ရှန်! "

ဟော့ရှန် : " အမ် "

ချောင်ရှောင်သူ့ကိုစိုက်ကြည့်ပစ်လိုက်ပါ၏၊
" ငါမင်းကိုမရိုက်နှက်နိုင်ဘူးလို့မင်းတကယ်ထင်နေတာလား "

ဟော့ရှန်က ပြန်ဖြေမလာပေ၊ သူ့မျက်လုံးတွေက သူ့ကိုမျက်တောင်မခတ်ဘဲစိုက်ကြည့်လို့နေတယ်။

ထိုအခိုက်အတန့်မှာ ဟော့ရှန်တကယ်လုပ်လိုက်လိမ့်မယ်လို့ သူထင်ခဲ့တာ၊ ချောင်ရှောင်၏နှလုံးသားလေး စည်းချက်ဝက်မျှလွဲချော်သွားကာ သူ့ခမျာစကားတစ်ခွန်းမှမပြောနိုင်တော့။

" အမှတ်ပြည့် "
ဟော့ရှန်က ဒီစကားလုံးနှစ်လုံးကိုပြောကာ သူတို့ကြားအကွာအဝေးတစ်ခုခြားလျက် နောက်ပြန်ဆုတ်သွားလေတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now