အခန်း(၁၀၂)

6.4K 1.4K 85
                                    

Unicode

လအနည်းငယ်ကြာတဲ့အထိ ဒိုင်ယာရီထဲမှာ ဒီစာကြောင်းတစ်ကြောင်းပဲ ရှိနေခဲ့တယ်။

လူသုံးဦးမှာ တစ်ဦးတည်းကပဲ သူ့ရဲ့အမွေအနှစ်ဒိုင်ယာရီမှာ ရေးကျန်နေခဲ့တယ်၊ ဒါ့အပြင် မလျှော့တမ်းရေးနေခဲ့တဲ့ ဒီလူဟာ ဒီစကားလုံးအနည်းငယ်ကိုပဲ ရေးနိုင်ခဲ့တယ် — ယနေ့အထိ၊ စာကြောင်းတိုင်း၊ စုတ်ချက်တိုင်းမှာ အသည်းခိုက်တမျှနာကျင‌်နေခဲ့တဲ့ သူမရဲ့နှလုံးသားကို ခံစားလို့ရနေပါတယ်။

ဟော့ရှန်မှာ ချောင်ရှောင်ကိုဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ချေ။

သာမန်မိသားစုတစ်ခုရဲ့နွေးထွေးမှုကို သူ ဘယ်တုန်းကမှမသိရှိခဲ့ဖူးဘူး၊ အရင်က ချောင်ရှောင်ရဲ့မိသားစု ဘယ်လောက်ပျော်ရွှင်ခဲ့မလဲဆိုတာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲတယ်၊ မင်းမှာမရှိတဲ့အရာကို လွမ်းဆွတ်တမ်းတနေလို့မှမရဘဲ၊ ဒါပေမဲ့ အဲ့ဒါကိုရရှိပိုင်ဆိုင်ပြီးမှ ထာဝရဆုံးရှုံးဖို့ဆိုရင် အဲ့ဒီလိုနာကျင်မှုမျိုးကို စကားလုံးနဲ့တင်ဖော်ပြလို့မရဘူးဆိုတာ ရှင်းပါတယ်။

ချောင်ရှောင်က အသက်ရှူမဝ‌တော့သည်အထိ ပြင်းပြင်းထန်ထန် ငိုကြွေးနေခဲ့တယ်၊ ငါးနှစ်ကြာအောင် မျိုသိပ်ထားခဲ့တဲ့ အဲ့ဒီနာကျင်မှုတွေအားလုံးက အကုန်ပွင့်ထွက်လာခဲ့သလိုပဲ။

ပထမဆုံး အိမ်ပြန်ရောက်လာတုန်းက သူ မျက်ရည်တစ်စက်မှမကျခဲ့ဘူး၊ ကုသမှုခံယူခဲ့တဲ့နှစ်နှစ်အတွင်းမှာ သူ မငိုခဲ့ဘူး၊ သူ့အမေဆုံးသွားပြီးနောက်မှာ သူ တိတ်‌တိတ်လေးငိုကြွေးပြီး အရာအားလုံးကိုမေ့သွားခဲ့တယ်။

အခုတော့ သူ နည်းနည်းချင်း မှတ်မိလာခဲ့ပြီ၊ အချိန်အတော်ကြာ မျိုသိပ်ခဲ့ရတဲ့ မျက်ရည်တွေက သူ့နှလုံးသားရဲ့အချုပ်အနှောင်ကို ထိုးဖောက်ပြီး အကုန်စီးကျလာခဲ့ချေပြီ။

ဟော့ရှန်မှာ ဘာလုပ်ရမှန်းမသိလောက်အောင် စိတ်မကောင်းဖြစ်နေမိတယ်၊ သူက သူ့ကိုပွေ့ဖက်ထားပြီး နှစ်သိမ့်ပေးနေခဲ့တယ်၊ အနမ်းစတွေက သူ့ခေါင်းထိပ်၊ သူ့မျက်လုံးတွေ၊ သူ့မျက်ခုံးတန်းနဲ့ သူ့ရဲ့စိုစွတ်နေတဲ့ပါးပြင်တွေပေါ် သက်ဆင်းလာခဲ့တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now