အခန်း(၂၃)

8.2K 1.5K 107
                                    

Unicode

လော့ရှောင်းရဲ့မျက်နှာထားမှာ သူနားလည်ပြီဆိုပြီး ပြနေလေရဲ့၊
" အို "

သို့သော်လည်း နားမလည်‌သေးသူမှာ ချောင်ရှောင်ပင်၊ သူ ဟော့ရှန်ကို မော့ကြည့်လိုက်ကာ၊
" မင်းက ဘယ်သူနဲ့ကပ်သပ်အိပ်မှာ? "

ဟော့ရှန်က သူ့ဘေးမှာ ထိုင်လိုက်လျက်၊
" မင်းနဲ့ "

သူ့ခြေကျင်းဝတ်ဒဏ်ရာသာ သူ့လှုပ်ရှားမှုတွေကို ဟန့်တားမနေရင် ချောင်ရှောင်ကတော့ သေချာပေါက် သူ့ကိုကန်ချပစ်လိုက်မှာ၊
" ဟင့်အင်း၊ အိပ်လို့မရဘူး "

သူ့တစ်သက် ဘယ်သူနဲ့မှ အတူတူမအိပ်ဖူးဘူးလို့!

ဟော့ရှန်က ဂရုတစိုက်စိစစ်ပြလေရဲ့၊
" အခန်း ၅၁၆ က မင်းတို့အားလုံးထဲမှာ မင်းအိပ်ရာအပြင် ဘယ်သူ့အိပ်ရာမှာ နေရာအလွတ်ရှိလို့တုန်း "

တန်ဖိုးကြီးအဆင့်မြင့်အဆောင်ခန်းတစ်ခန်းမှာတောင်မှ တစ်ယောက်အိပ် အိပ်ရာ‌တွေဟာ သိပ်မကြီးပါဘူး၊ အထူးသဖြင့် အရပ်ရှည်သည့်အထက်တန်းကျောင်းသားတွေ သုံးတဲ့အခါမှာပေါ့၊ ဥပမာ ဟော့ရှန်နဲ့လော့ရှောင်းကိုပဲ ကြည့်လေ၊ သူတို့မှာ သူတို့‌ရဲ့ခြေတံရှည်တွေကို ထားဖို့နေရာ‌တောင်မရှိပေ။

ဆံပြာနဲ့ချင်စုကလည်း ချောင်ရှောင်ထက် အရပ်ပိုရှည်ကြတယ်၊ အထူးသဖြင့် ဆံပြာရဲ့အိပ်ရာဆိုရင် အတော်မှကျပ်ညပ်လှတယ်၊ အဲဒီ့မှာ Tablet(တက်ဘလက်)တစ်ခု၊ တိုက်ခိုက်သည့်အရုပ်တွေနဲ့ အရုပ်ဂစ်တာတောင်မှ ရှိလေတယ်။

နောက်တစ်ယောက်မပြောနဲ့ ဆံပြာကိုယ်တိုင်သာ လူးလှိမ့်လိုက်ရင် သူ့မှာတောင် အိပ်ဖို့ မည်သည့်နေရာမှ မရှိပေ။

အမှန်တကယ်တော့ ချင်စု၏အိပ်ရာမှာ သန့်ရှင်းသပ်ရပ်ကာ ကျယ်ကျယ်ဝန်းဝန်းရှိလှတယ်၊ သို့သော်လည်း...

ဟော့ရှန်က ချောင်ရှောင်ကို မေးလာ၏၊
" ချင်စုက အပေါ်ထပ်မှာ၊ ငါသာ သူနဲ့အဲ့ကိုသွားအိပ်ရင် အောက်ထပ်က မင်းက ဘာဖြစ်သွားမတုန်း "

ချောင်ရှောင်မှာ ၎င်းကို စိတ်ထဲတွင်မြင်ယောင်ကြည့်မိတယ်၊ အဲ့ဒါကြီးက သူဘယ်လိုတွေးတွေး ကြောက်စရာကြီးဟ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now